• Follow Us on

Home မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းများတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် လူဦးရေ (၂) သိန်းကျော် တိုက်ပွဲ‌ရှောင်ထွက်ပြေးခဲ့ရကြောင်း OCHA ထုတ်ပြန်

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းများတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် လူဦးရေ (၂) သိန်းကျော် တိုက်ပွဲ‌ရှောင်ထွက်ပြေးခဲ့ရကြောင်း OCHA ထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇ (People Media)

 

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ PDF တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လူဦးရေ ၂၁၇,၉၀၀ ခန့်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲ‌ရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ United Nations OCHA Myanmar မှ ထုတ်ပြန်လိုက်ပါတယ်။

 

အဆိုပါပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပိုင် အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးရမှု၊ နေရပ်စွန့်ခွာထွက်ပြေး ရမှုများ ရှိနေပြီး၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ရရှိတဲ့ ကိန်းဂဏန်းများအရ (စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀၊ ချင်း ပြည်နယ်မှာ ၃၃,၈၀၀၊ မကွေးတိုင်းမှာ ၂၀,၁၀၀ အပါအဝင်) လူဦးရေ ၁၆၇,၈၀၀ ခန့်ဟာ မြန်မာနိုင်ငံအနောက် မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး၊ ၂၀၂၁ ခုနှစ် မေလလယ်ကတည်းကစပြီး နေအိမ်အလုံးပေါင်း ၁,၈၄၀၊ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အခြားအရပ်သားပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

တချိန်တည်းမှာပဲ (ကယားပြည်နယ်မှာ ၉၁,၄၀၀၊ ကရင်ပြည်နယ်မှာ ၇၄,၆၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၂,၆၀၀၊ မွန်ပြည်နယ်မှာ ၇,၁၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁,၆၀၀ နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၆၀၀ အပါ အဝင်) လူဦးရေ ၂၁၇,၉၀၀ ခန့်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲ‌ရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ မတည်ငြိမ်တဲ့ လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်မရခြင်းတို့ကြောင့် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့ အကာအကွယ်ပေးရေးဆိုင်ရာဝန်ဆောင်မှုနဲ့ အရေးပေါ်အကူအညီတွေကို လိုအပ်နေသူတွေဆီပေးအပ်ဖို့ ခဲယဉ်းလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

 

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ဒေသခံလူထုက နေရပ်စွန့်ခွာထွက်ပြေးလာသူများအတွက် အကူအညီများ တတ်အားသ၍ ပေးအပ်လျက်ရှိသော်လည်း လိုအပ်ချက်ပြည့်မီအောင် ပေးနိုင်ဖို့ အခက်အခဲတွေရှိနေပြီး၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ ကယားပြည်နယ်က လွိုင်ကော်နဲ့ ရှားတောမြို့နယ်တွေမှာ သွားလာခွင့် ခက်ခဲ နေသော်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)က ယာယီစခန်းတွေမှာ လူသားချင်းစာနာမှုလုပ်ငန်းတွေကို ဆက် လက်ဆောင်ရွက်နေတယ်လို့ United Nations OCHA Myanmarမှ ထုတ်ပြန်လိုက်ပါတယ်။

 

#PeopleMedia #UnitedNationsOCHAMyanmar

 

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #UnitedNationsOCHAMyanmar


Share this post