• Follow Us on

Home မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခများကို စစ်တိုက်ပြီး ဗုံးကြဲသည့်နည်းဖြင့် ဖြေရှင်းမလား သို့မဟုတ် ငြိမ်း ချမ်းရေးနှင့် အားလုံးပါဝင်နိုင်ရေးမူဝါဒကို စွဲမြဲစွာဆုပ်ကိုင်ထားဆိုသည်ကို ရွေးချယ်ရမည့်အချိန်ရောက်ရှိ နေပါ ပြီ။ မြန်မာနိုင်ငံတွင်းမှ ပြည်တွင်းပဋိပက္ခများမှာ တင်းမာလျက်ရှိပါသည်။ ပို၍ဆိုးသည်မှာ မြန်မာ့အရေးနှင့် ပတ် သက်သည့်နိုင်ငံတကာအမြင်များမှာ မြန်မာပြည်တွင်း၌ ဆူပူအုံကြွမှုများဖြစ်ပွားစေရန် မရပ်မနားတွန်းအား ပေးနေသည့် မတူကွဲပြားသောအကျိုးစီးပွားအမြင်များဖြစ်နေပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခများကို စစ်တိုက်ပြီး ဗုံးကြဲသည့်နည်းဖြင့် ဖြေရှင်းမလား သို့မဟုတ် ငြိမ်း ချမ်းရေးနှင့် အားလုံးပါဝင်နိုင်ရေးမူဝါဒကို စွဲမြဲစွာဆုပ်ကိုင်ထားဆိုသည်ကို ရွေးချယ်ရမည့်အချိန်ရောက်ရှိ နေပါ ပြီ။ မြန်မာနိုင်ငံတွင်းမှ ပြည်တွင်းပဋိပက္ခများမှာ တင်းမာလျက်ရှိပါသည်။ ပို၍ဆိုးသည်မှာ မြန်မာ့အရေးနှင့် ပတ် သက်သည့်နိုင်ငံတကာအမြင်များမှာ မြန်မာပြည်တွင်း၌ ဆူပူအုံကြွမှုများဖြစ်ပွားစေရန် မရပ်မနားတွန်းအား ပေးနေသည့် မတူကွဲပြားသောအကျိုးစီးပွားအမြင်များဖြစ်နေပါသည်။

Share this post

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားအောင် အမေရိကန်နှင့် အနောက်အုပ်စု အားမပေးသင့်ဟူသည့် ခေါင်းစဉ် ဖြင့် ရေးသားလိုက်သည့် တရုတ်ဂလိုဘယ်တိုင်းမ်စ် အယ်ဒီတာ့အာဘေ်ာ

 

မြန်မာနိုင်ငံ၏ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာ့တပ်မတော်ကို ဆန့် ကျင်သည့် “ပြည်သူ့တော်လှန်ရေးစစ်ပွဲ” စတင်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့ကကြေညာခဲ့ပါသည်။ ပြည်သူ့တော်လှန်ရေးနှင့်ပူးပေါင်းခြင်းအားဖြင့် စစ်အုပ်ချုပ်ရေးကိုတော်လှန်ရန် နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများကို  ကြေညာချက်တွင် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ မြန်မာ့တပ်မတော်အား ချက်ချင်းတိုက်ခိုက်ရန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဗီဒီယိုမှတစ်ဆင့်ပြောသည့်မိန့် ခွန်းတွင် ခေတ္တသမ္မတဒူဝါလရှီလက တိုက်တွန်းပြောကြားခဲ့ပါသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို မေလအတွင်းက ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ယင်း PDF များမှာ NLD ပါတီကိုသစ္စာခံသည့်အဖွဲ့များဖြစ်ပြီး အဖွဲ့ဝင်အနည်းငယ်သာရှိပါသည်။ ဒူဝါလရှီလက တပ်မတော်အစိုးရ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော “အကြမ်းဖက်စစ်တပ်” ဟု ခေါ်ဝေါ်သုံးစွဲသလို တပ်မတော်အ စိုးရကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို အကြမ်းဖက် အုပ်စုများအဖြစ် တံဆိပ်ကပ်ခေါ်ဝေါ်သုံးစွဲပါသည်။

 

မြန်မာနိုင်ငံမှအခြေအနေမှာ ထပ်မံယိုယွင်းပျက်စီးနိုင်သည့် အန္တရာယ်ရှိသောလမ်းကြောင်းပေါ်တွင်ရောက်နေ ကြောင်းပြသနေပါသည်။ မြန်မာနိုင်ငံသည် ကာလရှည်နိုင်ငံရေးဝရုန်းသုန်းကားဖြစ်မှုကို ကိုယ်တိုင်ဖြတ်သန်း ကြုံတွေ့လာခဲ့ရပြီးပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အာဏာရအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကြားနှင့် တပ်မတော်နှင့် စစ်အာဏာရှင်အုပ်ချုပ်ရေးဆန့်ကျင်သည့်အဖွဲ့အစည်းများကြား ထွေးရောယှက် တင်ပဋိပက္ခများနှင့် ရှုပ်ထွေးလျက်ရှိပါသည်။ လက်နက်ကိုင်တိုက်ပွဲများကို အရသာတွေ့ပြီး နိုင်ငံရေးအရအစွန်း ရောက်လုပ်ဆောင်မှုများကို တိုက်တွန်းအားပေးနေမည်ဆိုပါက မြန်မာနိုင်ငံမှာ မဆုံးသောစစ်ပွဲများနှင့် ဘေးဒုက္ခ များဖိစီးမှုဒဏ်ကို ကျောကော့အောင်ခံနေရတော့မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှာ အခြားအရာများထက်ပို၍အရေးကြီးကြောင်း မြန်မာ့အိမ်နီး ချင်းနိုင်ငံများက ယုံကြည်ထားကြပြီး နိုင်ငံတွင်းရှိအဖွဲ့အစည်းများအားလုံးကြားတွင် ငြိမ်းချမ်းရေးကို မြှင့်တင်နိုင် ရေး အကူအညီပေးရန် လိုလိုလားလားဆန္ဒရှိနေကြပါသည်။ ယင်းသို့ဆန္ဒရှိနေကြခြင်းမှာ တရုတ်နိုင်ငံတစ်နိုင်ငံ တည်း၏သဘောထားမဟုတ်ပါ။ အာဆီယံသည်လည်း ထိုကဲ့သို့ ဆန္ဒသဘောထားရှိသည်သာဖြစ်ပါသည်။ သို့ သော် အမေရိကန်နှင့် အနောက်အုပ်စုမှာ မြန်မာ့တပ်မတော်ကအာဏသိမ်းဖြုတ်ချထားသော NLD အစိုးရတစ် ဘက်တည်းကိုသာ ထောက်ခံအားပေးနေပါသည်။ ယင်းသို့ တစ်ဘက်တည်းကိုထောက်ခံအားပေးနေခြင်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်းများအရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တပ်မတော်အစိုးရပြုတ်ကျသွားမည်ဟု NLD ပါတီ ကို မျှော်လင့်ချက်များပိုမိုပေးနေခြင်းဖြစ်ပါသည်။

 

အနောက်နိုင်ငံများအနေဖြင့် NLD စင်ပြိုင်အစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ဆော်သြစည်းရုံးရုံ မျှဖြင့် မြန်မာနိုင်ငံကအခြေအနေများကို “ပြည်တွင်းစစ်ကြီး” ဖြစ်ပွားလာအောင် လုပ်ဆောင်၍ ရနိုင်မည်မဟုတ် ပါ။ မြန်မာ့တပ်မတော်သည် တိုင်းပြည်တွင်း အာဏာကို စွဲမြဲခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ပါသည်။ ဖေဖော်ဝါရီလ အာဏာစသိမ်းသည့်အချိန်ကတည်းက NLD ထောက်ခံသူများ၏ဆန္ဒပြပွဲများ၊ PDF များ၏ ဗုံးခွဲတိုက်ခိုက်မှုများ၊ နိုင်ငံခြားတိုင်းပြည်များ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ကြုံတွေ့ဖြတ်သန်းလာပြီးဖြစ်ပါသည်။ သို့သော် မြန်မာ့တပ်မတော်က အခြေအနေကို ထိန်းချုပ်ထားနိုင်စွမ်းရှိပါသည်။ ယင်းသို့ထိန်းချုပ်ထားနိုင်စွမ်းက သာမန် စစ်တပ်တစ်ခုနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေးအထူးတပ်ဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်၏ မတူကွဲပြားသည့်စရိုက် လက္ခဏာများကို ထင်ဟပ်ပေါ်လွင်စေပါသည်။

 

မြန်မာနိုင်ငံတွင် အင်အား ၆၀၀,၀၀၀ ရှိသော တပ်မတော်တစ်ရပ်ရှိပါသည်။ NLD အစိုးရအာဏာရှိစဉ်ကာလက ပင် တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းရယူထားပြီးဖြစ်ပါသည်။

 

သို့သော် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက စစ်ရေးအရ တစ်ဆင့်တက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို လက်နက်အမြောက်အများထောက်ပံ့ခြင်းအပါအဝင် တပ်မတော်ဆန့်ကျင်ရေးအဖွဲ့များကို လူသိရှင် ကြားထောက်ပံ့လာမည်ဆိုလျှင် “တကယ့်ပြည်တွင်းစစ်ပွဲအစစ်ကြီး” ရုပ်လုံးပေါ်လာပါလိမ့်မည်။ မြန်မာ့အခြေအ နေမှာလည်း စာမျက်နှာသစ်တစ်ခုဖွင့်လှစ်လာပါလိမ့်မည်။

 

NLD ပါတီသည် မြန်မာနိုင်ငံတွင် တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ဆဲဖြစ်ပါသည်။ တပ်မတေ်ာနှင့် အစိုးရအဖွဲ့ အစည်းများကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများကို လူသိရှင်ကြားထောက်ပံ့ခြင်းကို NLD ပါတီ၏ ယခင်ကရပ် တည်ချက်တွင် ထည့်သွင်းထားခြင်းမရှိပါ။ အကယ်၍ NLD ပါတီက တော်လှန်ရေးတစ်ရပ်တွင်ပါဝင်ဆင်နွှဲပြီး ဦး ဆောင်မည်ဆိုပါက မြန်မာ့အရေး ခရီးတစ်ပတ်ပြန်ကျော့သည့်အခြေအနေသို့ ဆိုက်ရောက်သွားပါလိမ့်မည်။

 

တရုတ်နိုင်ငံသည် အခြားတိုင်းပြည်များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဟူသော နိုင်ငံခြားရေး မူဝါဒကို လိုက်နာစောင့်ထိန်းလျက်ရှိပါသည်။ မြနမာပြည်၏ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံအတွက် အလွန်အရေး ကြီးပါသည်။ မြန်မာနိုင်ငံတွင် ထိန်းမနိုင်သိမ်းမရအခြေအနေများဖြစ်ပေါ်လာပါက မြန်မာဒုက္ခသည်များ တရုတ် နိုင်ငံဘက်သို့ ထွက်ပြေးလာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံ မှုများမှာလည်း စိုးရိမ်ဖွယ်ရာခြိမ်းခြောက်ခံနေရပါသည်။ အတိတ်ကာလက မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည့်အခါ တရုတ်နိုင်ငံပိုင်နက်သို့ ဗုံးများ မကြာခဏ ကျရောက်ပေါက်ကွဲ လေ့ရှိပါသည်။

 

တရုတ်မီဒီယာတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင်းမှအခြေအနေများကို ပိုမိုဆိုးရွားစေသော အမေရိကန်နှင့်အ နောက် နိုင်ငံများမှ လက်ခံကျင့်သုံးသည့် မည်သည့်မူဝါဒကိုမဆို ကျွန်ုပ်တို့ ဆန့်ကျင်ပါသည်။ အမေရိကန်နှင့် အနောက်အုပ်စု၏ နိုင်ငံရေးကြေညာချက်အကြောင်းအရာများမှာ ၎င်းတို့အတွက် ဘာမှအဓိပ္ပာယ်မရှိဘဲ မြန်မာ နိုင်ငံကိုသာ ထိခိုက်နစ်နာစေပါသည်။ အနောက်ပုံစံစနစ်သည် မြန်မာနိုင်ငံနှင့် လုံးဝမအပ်စပ်ကြောင်း သက်သေ ပြခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တကယ့်အစစ်အမှန်တရားကို လက်ခံရင်ဆိုင်ရန် လိုအပ်ပြီး အမျိုးသား ရေးနှင့် နိုင်ငံရေး ရင်ကြားစေ့ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် အဖွဲ့အစည်းအားလုံးကလက်ခံသည့် နိုင်ငံရေးမူဘောင်တစ်ခုကို စိစစ်ရှာဖွေရန်လိုအပ်ပါသည်။

 

ဆန်းစစ်လေ့လာဝေဖန်ရမည်ဆိုလျှင် မြန်မာ့စင်ပြိုင်အစိုးရက ပြည်တွင်းစစ်ကြီးတစ်ခုဖြစ်ပွားစေရန် အားပေး သည့်အနေဖြင့် “တော်လှန်ရေးတိုက်ပွဲခေါ်သံ” ကိုတိုက်တွန်းလိုက်သည့်အခါ နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားမှာ အလွန်အရေးပါလာပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည့် အခြေအနေများကို ကူညီကယ် တင်နိုင်ရေးအတွက် ထိုက်သင့်သောတာဝန်ယူမှုအဖြစ် အနောက်ကမ္ဘာအနေဖြင့် မြန်မာလူထု၏ ကိုင်တွယ်ထိ တွေ့ခွင့်ရသောအကျိုးစီးပွားများအပေါ်၌သာ အာရုံစိုက်ပြီး ပြည်တွင်းစစ်ပွဲကြီးတစ်ခုဖြစ်လာအောင် ဝိုင်းဝန်း ထောက်ပံ့ခြင်းမပြုလုပ်ရန် ကျွန်ုပ်တို့ မျှော်လင့်မိပါသည်။

 

Ref: US, West should refrain from encouraging civil war in Myanmar: Global Times editorial

 

မှတ်ချက် – တရုတ်အစိုးရပိုင်မီဒီယာတစ်ခုဖြစ်သော ဂလိုဘယ်တိုင်းမ်စ်သတင်းစာမှ အယ်ဒီတာ့အာဘေ်ာကို ဘာသာပြန်ခြင်းဖြစ်ပါသည်။

 

(unicode)


 


 


 


 



 


 


 


 


 


 


 


 

Ref: US, West should refrain from encouraging civil war in Myanmar: Global Times editorial

 



Share this post