• Follow Us on

Home မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအသစ် ဗြိတိန် ပြဋ္ဌာန်း

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအသစ် ဗြိတိန် ပြဋ္ဌာန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃ (People Media)

 

ယခုနှစ်အစောပိုင်းကာလက အာဏာသိမ်းခဲ့သောစစ်အစိုးရကို လက်နက်နှင့် ဘဏ္ဍာရေးအထောက်အပံ့များ ထောက်ပံ့နေသည့် စစ်အစိုးရနှင့် ဆက်နွယ်သော အဓိကစီးပွားရေးလုပ်ငန်းတစ်ခုကိုပစ်မှတ်ထား၍ မြန်မာနိုင်ငံ အားစီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအသစ်ပြဋ္ဌာန်းလိုက်ကြောင်းဗြိတိန်အစိုးရကကြေညာလိုက်သည်။

 

ဗြိတိန်နိုင်ငံအနေဖြင့် ထူးအုပ်စုကုမ္ပဏီများနှင့် ထူးအုပ်စုတည်ထောင်သူ ဦးတေဇအပေါ် စီးပွားရေးပိတ်ဆို့ဒဏ် ခတ်မှုပြဋ္ဌာန်းလိုက်ကြောင်းနှင့် ထူးကုမ္ပဏီပိုင်ရှင်ဦးတေဇမှာ မြန်မာစစ်တပ်ကိုယ်စား လက်နက်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဗြိတိနိုင်ငံခြားရေးဝန်ကြီးကပြောသည်။ ထူးကုမ္ပဏီသည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ များရှင်းလင်းရေးတွင်လည်း ရန်ပုံငွေများထည့်ဝင်ကူညီခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ စီးပွားရေးကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ဗြိတိန် အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ပြဋ္ဌာန်းခဲ့သည်။

 

“မြန်မာစစ်အစိုးရဟာ သူ့ပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်နေတာကို ရပ်တန့်မယ့်အရိပ်လက္ခဏာ မပြဘူး။ ဗြိတိန်အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ကလေးသူငယ်များအပါအဝင် အပြစ်မရှိတဲ့ပြည် သူတွေကို သတ်ဖြတ်နေတဲ့နေရာမှာ အသုံးပြုတဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေ၊ လက်နက်ထောက်ပံံမှုတွေကို ဆက်ပြီးတော့ တင်းတင်းကျပ်ကျပ်ကန့်သတ်တားဆီးသွားမှာဖြစ်ပါတယ်။ စစ်အစိုးရလုပ်ရပ်ကိုထောက်ခံနေတဲ့ သူတွေကိုလည်း ဒဏ်ခတ်အရေးယူပိတ်ဆို့သွားမှာပဲဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ် က ၎င်း၏ထုတ်ပြန်ကြေညာချက်တွင်ထည့်သွင်းပြောဆိုခဲ့သည်။

 

အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင် ထူးကုမ္ပဏီအုပ်စုနှင့် ဦးတေဇပိုင်ဆိုင်သော ဗြိတိန်နိုင်ငံရှိဘဏ်အကောင့်များ အားသုံးစွဲခွင့်ရပ်ဆိုင်းခြင်းနှင့် ဗြိတိန်နိုင်ငံသို့ ဦးတေဇဝင်ရောက်ခွင့်အား ပိတ်ပင်ခြင်းတို့ပါဝင်သည်။

 

ဦးတေဇသည် ယခင်စစ်အစိုးရဟောင်းနှင့်ရော ယခုလက်ရှိအာဏာသိမ်းစစ်အစိုးရနှင့်ပါ ၎င်း၏ကျယ်ပြန့်သော အဆက်အသွယ်များမှတစ်ဆင့် ပတ်သက်ဆက်နွယ်မှုရှိနေကြောင်း ဗြိတိန်အစိုးရကပြောသည်။ စစ်အစိုးရ ဟောင်းလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ရာတွင် စစ်အစိုးရအား လက်နက်ဝယ် ယူရန် ကူညီထောက်ပံ့ခဲ့သည်ဟု ဗြိတိန်နိုင်ငံက ဦးတေဇအား စွပ်စွဲပြောဆိုခဲ့သည်။

 

ဗြိတိန်အစိုးရသည် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းနှင့် စစ်တပ်နှင့်ဆက်နွယ်သော မြန်မာ့ဦးပိုင်လုပ်ငန်းတို့ကို စီးပွားရေးဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။

 

အာဏာသိမ်းစစ်အစိုးရနှင့် ဆက်နွယ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် သုံးဦး၊ ၎င်းတို့မိသားစုဝင်များ နှင့်အတူ  မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦး၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန် ကြီးဦးမြင့်ခိုင်နှင့် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ကို ဇူလိုင်လအတွင်း အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

 

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ယနေ့အချိန်အထိ လူဦးရေ ၁,၀၄၅ သေဆုံးခဲ့ပြီး လူဦးရေ ၆,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန် ကြေညာချက်အရသိရသည်။ ဒီမိုကရေစီတောင်းဆိုသူများကို ဖိနှပ်လျက်ရှိသော်လည်း ဆန္ဒပြမှုများမှာ နိုင်ငံ တစ်ဝန်းဆက်လက်ဖြစ်ပွားလျက်ရှိ ရာ စစ်ကိုင်းတိုင်းအတွင်း ညဘက်ဆန္ဒပြမှုများနှင့် မန္တလေးမြို့တွင် သံဃာ တော်များ၏ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

Ref: UK announces new sanctions against Myanmar

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: UK announces new sanctions against Myanmar

 

#PeopleMedia


Share this post