• Follow Us on

Home ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ထပ္မံျပဳလုပ္ရန္ ဘဂၤလားေဒ့႐ွ္ တိုက္တြန္း

ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ထပ္မံျပဳလုပ္ရန္ ဘဂၤလားေဒ့႐ွ္ တိုက္တြန္း

Share this post

ဒါကာ၊ ဇူလိုင္ ၂၁

ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးေဒါက္တာေအေကအဗၺဒူ မိုမန္က တိုက္တြန္းလိုက္သည္။

တာ၀န္ၿပီးဆံုးသျဖင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ ျပန္လည္ထြက္ခြာသည့္စပိန္သံအမတ္ႀကီး အယ္ဗာ႐ိုဒီဆာလာဂ်ီမီ နက္ဇ္ႏွင့္ ေတြ႕ဆံုႏႈတ္ဆက္ရာတြင္ တိုက္တြန္းေျပာဆိုျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏ကတိက၀တ္ျဖစ္ေသာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုသံုးႏႈန္း)မ်ား ေဘးကင္းလံုၿခံဳစြာ၊ ဂုဏ္သိ ကၡာ႐ွိစြာႏွင့္ ပံုမွန္အတိုင္းေနရပ္ျပန္ႏိုင္ေရးဆိုသည့္အခ်က္ကို လိုက္နာေစရန္ ႏိုင္ငံတကာအသိုက္အ၀န္း အေနျဖင့္ ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားထပ္မံျပဳလုပ္ရန္ မိုမန္ကတိုက္တြန္းခဲ့သည္။

စပိန္ႏိုင္ငံအေနျဖင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို ဘဂၤါလီအေရးဆက္လက္ေထာက္ခံမႈအတြက္ ေက်းဇူးတင္ေၾကာင္း လည္း မိုမန္ကေျပာသည္။

၂၀၁၇ ခုႏွစ္က ျမန္မာႏိုင္ငံႏွင့္ဘဂၤလားေဒ့႐ွ္ႏိုင္ငံတို႔ၾကားသေဘာတူညီခ်က္အရ ၂၀၁၈ ခုႏွစ္တြင္ ဘဂၤါလီမ်ား ေနရပ္ျပန္ရန္ စတင္လက္ခံခဲ့ေသာ္လည္း ျပန္လည္လက္ခံေရးစတင္သည့္ေန႔တြင္ ေကာ့က္စ္ဘဇားမွ ဘဂၤါလီ မ်ားက ျမန္မာႏိုင္ငံမျပန္လိုေၾကာင္း ဆႏၵျပမႈမ်ား႐ွိခဲ့သည္။

ယေန႔အထိ တရား၀င္လမ္းေၾကာင္းမွ ျပန္လာသူမ်ားမ႐ွိေသးဘဲ မိမိသေဘာအရျပန္လာသူ ရာဂဏန္းသာ႐ွိ ေသးသည္။

Ref : Momen urges Spain to employ seasonal workers from Bangladesh

#PeopleMedia

(unicode)
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
……………………………………………………

ဒါကာ၊ ဇူလိုင် ၂၁

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဒေါက်တာအေကေအဗ္ဗဒူ မိုမန်က တိုက်တွန်းလိုက်သည်။

တာဝန်ပြီးဆုံးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ထွက်ခွာသည့်စပိန်သံအမတ်ကြီး အယ်ဗာရိုဒီဆာလာဂျီမီ နက်ဇ်နှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ကတိကဝတ်ဖြစ်သော ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုသုံးနှုန်း)များ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိ က္ခာရှိစွာနှင့် ပုံမှန်အတိုင်းနေရပ်ပြန်နိုင်ရေးဆိုသည့်အချက်ကို လိုက်နာစေရန် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများထပ်မံပြုလုပ်ရန် မိုမန်ကတိုက်တွန်းခဲ့သည်။

စပိန်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘင်္ဂါလီအရေးဆက်လက်ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း လည်း မိုမန်ကပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြားသဘောတူညီချက်အရ ၂၀၁၈ ခုနှစ်တွင် ဘင်္ဂါလီများ နေရပ်ပြန်ရန် စတင်လက်ခံခဲ့သော်လည်း ပြန်လည်လက်ခံရေးစတင်သည့်နေ့တွင် ကော့က်စ်ဘဇားမှ ဘင်္ဂါလီ များက မြန်မာနိုင်ငံမပြန်လိုကြောင်း ဆန္ဒပြမှုများရှိခဲ့သည်။

ယနေ့အထိ တရားဝင်လမ်းကြောင်းမှ ပြန်လာသူများမရှိသေးဘဲ မိမိသဘောအရပြန်လာသူ ရာဂဏန်းသာရှိ သေးသည်။

Ref : Momen urges Spain to employ seasonal workers from Bangladesh

#PeopleMedia


Share this post