• Follow Us on

Home မြန်မာနိုင်ငံရေးအကြပ်အတည်းအပေါ် စိုးရိမ်ကြောင်း စင်ကာပူနိုင်ငံပြော

မြန်မာနိုင်ငံရေးအကြပ်အတည်းအပေါ် စိုးရိမ်ကြောင်း စင်ကာပူနိုင်ငံပြော

Share this post

စင်ကာပူ၊ ဖေဖော်ဝါရီ ၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မြန်မာနိုင်ငံမှနိုင်ငံရေးအကြပ်အတည်းအပေါ်စိုးရိမ်ကြောင်း စင်ကာပူနိုင်ငံက ဖေဖော်ဝါရီ ၁ ရက်တွင်ထုတ်ပြန် သည်။
မြန်မာနိုင်ငံအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး ပါဝင်သူများအားလုံးအနေဖြင့် သည်းခံကြရန်၊ ဆွေးနွေး မှုများဆက်လုပ်ရန်နှင့် အပြုသဘောဆောင်ပြီးငြိမ်းချမ်းသောရလဒ်များထွက်လာစေရန် အလုပ်လုပ်ကြမည်ဟု မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူတယောက်ကပြောသည်။
မြန်မာသည် စင်ကာပူ၏မိတ်ဖက်ရင်းနှီးသောနိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့၏အရေးကြီးသောအဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်သဖြင့် မကြာမီ ပုံမှန်အခြေအနေပြန်ရောက်လိမ့်မည်ဟုမျှော်လင့်ကြောင်းလည်းပြောသည်။
ယနေ့မနက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန် းစုကြည်နှင့် ခေါင်းဆောင်များကို ထိန်းသိမ်းထားသည်။
Ref : Singapore expresses ‘grave concern’ over Myanmar’s political crisis
#PeopleMedia
(unicode)
………………………………….
Ref : Singapore expresses ‘grave concern’ over Myanmar’s political crisis

Share this post