• Follow Us on

Home မြန်မာနိုင်ငံ၌ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာရောက်ရှိရေးအတွက် န.စ.က မှ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဦးဝဏ္ဏမောင်လွင်ပြော

မြန်မာနိုင်ငံ၌ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာရောက်ရှိရေးအတွက် န.စ.က မှ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဦးဝဏ္ဏမောင်လွင်ပြော

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)

 

မြန်မာနိုင်ငံ၌ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာရောက်ရှိရေးအတွက် န.စ.က မှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ပြောကြားခဲ့သည်။

 

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးတွင် ၎င်းမှဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

 

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်လည်းကောင်း၊ ဘန်ဒေါင်းကွန်ဖရင့်၌ ပူးတွဲပါဝင်ခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံ အဖြစ်လည်းကောင်း ဂုဏ်ယူလျက်ရှိကြောင်းနှင့် မိမိတို့လက်ရှိ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပုံမှန်အခြေအနေ ရှိနေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာ ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ပြောကြားခဲ့သည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်နေ သည့်အချိန်တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များ၏ ထောက်ခံမှု၊ နားလည်မှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

အလားတူ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့သည် နိုင်ငံစုံတစ်စုတစ်စည်းတည်းဖြင့် သီးခြားရပ်တည်နိုင်သည့် အဖွဲ့ အစည်းတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံအချင်းချင်းအကြား နားလည်မှုရှိမှုနှင့် လေးစားမှု၊ ဘက်မလိုက်မှုနှင့် နိုင်ငံ ရေးပယောဂကင်းရှင်းစေရန် စသည့် အခြေခံမူများကို ဆက်လက်ကျင့်သုံးရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဘုံ အကျိုးစီးပွားကာကွယ်ရန်နှင့် ဘုံစိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

 

#PeopleMedia #MOFA

 

(unicode)


………………………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #MOFA


Share this post