• Follow Us on

Home ျမန္မာႏိုင္ငံ၏အေထြေထြေ႐ြးေကာက္ပြဲၿပီးပါက ဘဂၤါလီမ်ားေနရပ္ျပန္ေရး ျမန္မာ-တ႐ုတ္-ဘဂၤလားေဒ့႐ွ္ ၃ ပြင့္ဆိုင္ေဆြးေႏြးရန္စီစဥ္ထား

ျမန္မာႏိုင္ငံ၏အေထြေထြေ႐ြးေကာက္ပြဲၿပီးပါက ဘဂၤါလီမ်ားေနရပ္ျပန္ေရး ျမန္မာ-တ႐ုတ္-ဘဂၤလားေဒ့႐ွ္ ၃ ပြင့္ဆိုင္ေဆြးေႏြးရန္စီစဥ္ထား

Share this post

ဒါကာ၊ ေအာက္တိုဘာ ၂၃
 
ႏို၀င္ဘာ ၈ ရက္တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အေထြေထြေ႐ြးေကာက္ပြဲအၿပီးတြင္ ဘဂၤါလီ(မူရင္းတြင္ ႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား ေႏွာင့္ေႏွးမႈမ႐ွိဘဲေနရပ္ျပန္ႏိုင္ရန္ ျမန္မာ-တ႐ုတ္-ဘဂၤလားေဒ့႐ွ္ ၃ ႏိုင္ငံမွ ႏိုင္ငံျခားေရး၀န္ႀကီးမ်ားေဆြးေႏြးေရးစီစဥ္ေနသည္။
 
ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ယာယီခိုလႈံေနၾကသည့္ဘဂၤါလီမ်ားကို ျပန္ေခၚသြားမည္ဟု ျမန္မာႏိုင္ငံက မၾကာေသးမီက အသိေပးထားသည္ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ယီ က ဘဂၤလားေဒ့႐ွ္ကိုေျပာသည္။
 
ၾကာသပေတးေန႔ညေနပိုင္းက ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္ႏွင့္ ၀မ္ယီတို႔ ဖုန္းျဖင့္ေဆြးေႏြးရာတြင္ ၀မ္ယီကအတည္ျပဳျခင္းျဖစ္သည္။
 
ႏိုင္ငံျခားေရး၀န္ႀကီးအဆင့္ ၃ ပြင့္ဆိုင္အစည္းအေ၀းမစတင္ခင္ ဒါကာၿမိဳ႕တြင္ ဘဂၤါလီမ်ားေနရပ္ျပန္ေရး အတြက္ အရာ႐ွိႀကီးမ်ားက ႀကိဳတင္ျပင္ဆင္သည့္အစည္းအေ၀းျပဳလုပ္ႏိုင္ေၾကာင္းလည္း ၀မ္ယီကေျပာသည္။
 
ယခုအစည္းအေ၀းကို ေဘက်င္းၿမိဳ႕တြင္က်င္းပႏိုင္ေခ်႐ွိၿပီး ပထမဆံုးအစည္းအေ၀းတခုကို နယူးေယာက္ၿမိဳ႕ တြင္က်င္းပခဲ့သည္။
 
ဘဂၤါလီမ်ားေနရပ္ျပန္ေရးအတြက္ ျမန္မာႏွင့္ပံုမွန္ဆက္သြယ္ေနေၾကာင္း ၀မ္ယီကေျပာသည္။
 
ျမန္မာႏိုင္ငံမွ COVID-19 ေရာဂါအေျခအေနတိုးတက္လာပါက ဘဂၤါလီမ်ားေနရပ္ျပန္ေရးအလုပ္လုပ္သြား မည္ဟု ျမန္မာႏိုင္ငံကေျပာသည္ဟုလည္း ၀မ္ယီကေျပာသည္။
 
ဘဂၤါလီမ်ားေနရပ္ျပန္ေရး မၾကာမီေဆြးေႏြးမႈမ်ားစတင္မည္ဟု ျမန္မာႏိုင္ငံက အာမခံသည္ဟုလည္း တ႐ုတ္ ႏိုင္ငံျခားေရး၀န္ႀကီးကေျပာသည္။
 
တ႐ုတ္ႏိုင္ငံက ဘဂၤါလီအၾကပ္အတည္းေျဖ႐ွင္းရာတြင္ မဆိုစေလာက္သာကူညီထားသည္ဟု မၾကာေသးမီက ဘဂၤလားေဒ့႐ွ္ႏိုင္ငံကိုလာေရာက္ခဲ့သည့္ အေမရိကန္ႏိုင္ငံျခားေရး ဒုတိယ၀န္ႀကီး စတီဖင္ ဘီဂန္ ကေျပာသည္။
 
Ref : Rohingya Repatriation: Tripartite talks ‘in Beijing’ after Myanmar’s polls
 
#PeopleMedia
 
(unicode)
မြန်မာနိုင်ငံ၏အထွေထွေရွေးကောက်ပွဲပြီးပါက ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ ပွင့်ဆိုင်ဆွေးနွေးရန်စီစဉ်ထား
……………………………………………
 
ဒါကာ၊ အောက်တိုဘာ ၂၃
 
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအပြီးတွင် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)များ နှောင့်နှေးမှုမရှိဘဲနေရပ်ပြန်နိုင်ရန် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးရေးစီစဉ်နေသည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာယီခိုလှုံနေကြသည့်ဘင်္ဂါလီများကို ပြန်ခေါ်သွားမည်ဟု မြန်မာနိုင်ငံက မကြာသေးမီက အသိပေးထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ဘင်္ဂလားဒေ့ရှ်ကိုပြောသည်။
 
ကြာသပတေးနေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်နှင့် ဝမ်ယီတို့ ဖုန်းဖြင့်ဆွေးနွေးရာတွင် ဝမ်ယီကအတည်ပြုခြင်းဖြစ်သည်။
 
နိုင်ငံခြားရေးဝန်ကြီးအဆင့် ၃ ပွင့်ဆိုင်အစည်းအဝေးမစတင်ခင် ဒါကာမြို့တွင် ဘင်္ဂါလီများနေရပ်ပြန်ရေး အတွက် အရာရှိကြီးများက ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးပြုလုပ်နိုင်ကြောင်းလည်း ဝမ်ယီကပြောသည်။
 
ယခုအစည်းအဝေးကို ဘေကျင်းမြို့တွင်ကျင်းပနိုင်ချေရှိပြီး ပထမဆုံးအစည်းအဝေးတခုကို နယူးယောက်မြို့ တွင်ကျင်းပခဲ့သည်။
 
ဘင်္ဂါလီများနေရပ်ပြန်ရေးအတွက် မြန်မာနှင့်ပုံမှန်ဆက်သွယ်နေကြောင်း ဝမ်ယီကပြောသည်။
 
မြန်မာနိုင်ငံမှ COVID-19 ရောဂါအခြေအနေတိုးတက်လာပါက ဘင်္ဂါလီများနေရပ်ပြန်ရေးအလုပ်လုပ်သွား မည်ဟု မြန်မာနိုင်ငံကပြောသည်ဟုလည်း ဝမ်ယီကပြောသည်။
 
ဘင်္ဂါလီများနေရပ်ပြန်ရေး မကြာမီဆွေးနွေးမှုများစတင်မည်ဟု မြန်မာနိုင်ငံက အာမခံသည်ဟုလည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
 
တရုတ်နိုင်ငံက ဘင်္ဂါလီအကြပ်အတည်းဖြေရှင်းရာတွင် မဆိုစလောက်သာကူညီထားသည်ဟု မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး စတီဖင် ဘီဂန် ကပြောသည်။
 
Ref : Rohingya Repatriation: Tripartite talks ‘in Beijing’ after Myanmar’s polls
 
#PeopleMedia

Share this post