• Follow Us on

Home ျမန္မာႏိုင္ငံ၏အေထြေထြေရြးေကာက္ပြဲသည္ အေျခခံမွစ၍ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႔ေထာက္ျပ

ျမန္မာႏိုင္ငံ၏အေထြေထြေရြးေကာက္ပြဲသည္ အေျခခံမွစ၍ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႔ေထာက္ျပ

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၅

ျမန္မာႏိုင္ငံ၏ေရြးေကာက္ပြဲလုပ္ငန္းစဥ္သည္ စနစ္တက်ျပႆနာမ်ားႏွင့္ မဲဆႏၵရွင္မ်ားက သူတို႔အစိုးရကိုမွ်တစြာေရြးေကာက္ႏိုင္မည္မဟုတ္ေသာအခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေၾကာင့္ ေလွ်ာ့တြက္ခံေနရသည္ဟု လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔(HRW)က တနလၤာေန႔တြင္ေျပာသည္။

ေရြးေကာက္ပြဲျပႆနာမ်ားတြင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မြတ္ဆလင္မဲဆႏၵ႐ွင္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကိုတားျမစ္ထားသည့္ ခြဲျခားဆက္ဆံေသာႏုိင္ငံသားျဖစ္ခြင့္ႏွင့္ အျခားဥပေဒမ်ား၊ လႊတ္ေတာ္အတြင္း တပ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းႀကိဳတင္ေနရာယူထားျခင္း၊ အစိုးရအေပၚေ၀ဖန္သူမ်ားကို မႈခင္းျပစ္မႈမ်ားျဖင့္စြဲခ်က္တင္ျခင္း၊ အစိုးရမီဒီယာမ်ားကို ပါတီမ်ားညီတူမွ် တူအသံုးျပဳခြင့္မရျခင္းႏွင့္ လြတ္လပ္အမွီအခိုကင္းေသာေ႐ြးေကာက္ပြဲေကာ္မ႐ွင္ႏွင့္ တိုင္ၾကားခ်က္မ်ား ေျဖ႐ွင္းမႈယႏၱရားကင္းမဲ့မႈတို႔ပါ၀င္သည္။

“ဒါဟာ ျမန္မာႏုိင္ငံအတြက္ ဒုတိယအႀကိမ္ေျမာက္ပါတီစံုေ႐ြးေကာက္ပြဲဆိုတဲ့သမိုင္းမွတ္တိုင္တစ္ခုပါပဲ။ ဒါေပမဲ့ မဲေပးရမယ့္လူတန္းဘယ္ေလာက္႐ွည္လာလာ၊ ဒီေ႐ြးေကာက္ပြဲက အေျခကကို ခ်ိဳ႕ယြင္းေနတာ”ဟု HRW ၏ အာ႐ွေရးရာညႊန္ၾကားေရးမွဴး ဘရက္ အဒမ္ကေျပာသည္။

မၾကာေသးခင္က ႏိုင္ငံတြင္းကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္ေနေသာ္လည္း ေ႐ြးေကာက္ပြဲမ်ားကို ႀကိဳတင္စီစဥ္ထားသည့္အတိုင္းက်င္းပသြားမည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္ကေျပာထားသည္။

သို႔ေသာ္ လက္႐ွိအေျခအေနမ်ားေၾကာင့္ စည္း႐ံုးေရးဆင္းရန္အဆင္မေျပသျဖင့္ အတိုက္အခံပါတီမ်ားက ေ႐ြးေကာက္ပြဲရက္ေနာက္ဆုတ္ရန္ ေတာင္းဆိုထားသည္။

စက္တင္ဘာ ၂၀ ရက္တြင္စတင္ကာ ကူးစက္မႈမ်ားေနသည့္ေနရာမ်ားတြင္ အိမ္တြင္သာေနရန္အမိန္႔မ်ား အစိုးရကထုတ္ျပန္ထားၿပီး မျဖစ္မေနအျပင္ထြက္ရမည့္အလုပ္မ်ားကိုသာ အျပင္ထြက္ခြင့္ျပဳထားေသာ္လည္း သတင္းစာပညာရပ္သည္ အေရးမႀကီးေသာလုပ္ငန္းဟု အစိုးရကေၾကညာခဲ့သျဖင့္ ေ႐ြးေကာက္ပြဲႏွင့္ ဆက္စပ္သည့္အခမ္းအနားမ်ားသို႔ သတင္းေထာက္မ်ားသြားေရာက္သတင္းယူႏိုင္ျခင္းမ႐ွိေတာ့ေခ်။

လူသိမ်ားေသာသတင္းစာမ်ား သတင္းစာေရာင္းခ်မႈရပ္ဆိုင္းထားေသာ္လည္း အစိုးရကိုေထာက္ခံသည့္ ႏိုင္ငံပိုင္မီဒီယာမ်ားက ဆက္လက္ပံုႏွိပ္ထုတ္ေ၀ေနၾကသည္။

Photo -ျမတ္မင္း

Ref : Myanmar: Election Fundamentally Flawed

#Peoplemedia

(Unicode)
မြန်မာနိုင်ငံ၏အထွေထွေရွေးကောက်ပွဲသည် အခြေခံမှစ၍ချို့ယွင်းချက်များရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ထောက်ပြ
………………………………………

ဘန်ကောက်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် စနစ်တကျပြဿနာများနှင့် မဲဆန္ဒရှင်များက သူတို့အစိုးရကိုမျှတစွာရွေးကောက်နိုင်မည်မဟုတ်သောအခွင့်အရေးချိုးဖောက်မှုများကြောင့် လျှော့တွက်ခံနေရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က တနင်္လာနေ့တွင်ပြောသည်။

ရွေးကောက်ပွဲပြဿနာများတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)မွတ်ဆလင်မဲဆန္ဒရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုတားမြစ်ထားသည့် ခွဲခြားဆက်ဆံသောနိုင်ငံသားဖြစ်ခွင့်နှင့် အခြားဥပဒေများ၊ လွှတ်တော်အတွင်း တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကြိုတင်နေရာယူထားခြင်း၊ အစိုးရအပေါ်ဝေဖန်သူများကို မှုခင်းပြစ်မှုများဖြင့်စွဲချက်တင်ခြင်း၊ အစိုးရမီဒီယာများကို ပါတီများညီတူမျှ တူအသုံးပြုခွင့်မရခြင်းနှင့် လွတ်လပ်အမှီအခိုကင်းသောရွေးကောက်ပွဲကော်မရှင်နှင့် တိုင်ကြားချက်များ ဖြေရှင်းမှုယန္တရားကင်းမဲ့မှုတို့ပါဝင်သည်။

“ဒါဟာ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက်ပါတီစုံရွေးကောက်ပွဲဆိုတဲ့သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ ဒါပေမဲ့ မဲပေးရမယ့်လူတန်းဘယ်လောက်ရှည်လာလာ၊ ဒီရွေးကောက်ပွဲက အခြေကကို ချို့ယွင်းနေတာ”ဟု HRW ၏ အာရှရေးရာညွှန်ကြားရေးမှူး ဘရက် အဒမ်ကပြောသည်။

မကြာသေးခင်က နိုင်ငံတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်နေသော်လည်း ရွေးကောက်ပွဲများကို ကြိုတင်စီစဉ်ထားသည့်အတိုင်းကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောထားသည်။

သို့သော် လက်ရှိအခြေအနေများကြောင့် စည်းရုံးရေးဆင်းရန်အဆင်မပြေသဖြင့် အတိုက်အခံပါတီများက ရွေးကောက်ပွဲရက်နောက်ဆုတ်ရန် တောင်းဆိုထားသည်။

စက်တင်ဘာ ၂၀ ရက်တွင်စတင်ကာ ကူးစက်မှုများနေသည့်နေရာများတွင် အိမ်တွင်သာနေရန်အမိန့်များ အစိုးရကထုတ်ပြန်ထားပြီး မဖြစ်မနေအပြင်ထွက်ရမည့်အလုပ်များကိုသာ အပြင်ထွက်ခွင့်ပြုထားသော်လည်း သတင်းစာပညာရပ်သည် အရေးမကြီးသောလုပ်ငန်းဟု အစိုးရကကြေညာခဲ့သဖြင့် ရွေးကောက်ပွဲနှင့် ဆက်စပ်သည့်အခမ်းအနားများသို့ သတင်းထောက်များသွားရောက်သတင်းယူနိုင်ခြင်းမရှိတော့ချေ။

လူသိများသောသတင်းစာများ သတင်းစာရောင်းချမှုရပ်ဆိုင်းထားသော်လည်း အစိုးရကိုထောက်ခံသည့် နိုင်ငံပိုင်မီဒီယာများက ဆက်လက်ပုံနှိပ်ထုတ်ဝေနေကြသည်။

Photo -မြတ်မင်း

Ref : Myanmar: Election Fundamentally Flawed

#Peoplemedia

 

 


Share this post