• Follow Us on

Home ျမန္မာႏိုင္ငံ၏ ဘဂၤါလီမ်ားေနရပ္ျပန္ေရးအားထုတ္မႈမ်ား စိတ္ပ်က္စရာေကာင္းေနဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရးအတြင္း၀န္ေျပာ

ျမန္မာႏိုင္ငံ၏ ဘဂၤါလီမ်ားေနရပ္ျပန္ေရးအားထုတ္မႈမ်ား စိတ္ပ်က္စရာေကာင္းေနဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရးအတြင္း၀န္ေျပာ

Share this post

ဒါကာ၊ ၾသဂုတ္ ၂၅

ရခိုင္ျပည္နယ္တြင္ပံုမွန္အတိုင္းျပန္ျဖစ္ေစရန္ ျမန္မာႏိုင္ငံ၏မည္သည့္အရာမွမလုပ္ျခင္းမဟာဗ်ဴဟာႏွင့္ရင္ဆိုင္ေနရခ်ိန္တြင္ ျမန္မာႏိုင္ငံျပန္လိုေသာဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားအတြက္ အေျခခံ၀န္ေဆာင္မႈမ်ား၊ ေဘးကင္းလံုျခံဳမႈႏွင့္ ႐ွင္သန္ေနထိုင္ေရးေ႐ြးခ်ယ္စရာမ်ားဖန္တီးေပးရန္ ႏိုင္ငံတကာအသိုက္အ၀န္းကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ဆက္လက္ေတာင္းဆိုေနသည္။

ေနရပ္ျပန္ေရးအားထုတ္မႈမ်ားကို စိတ္ပ်က္ေစရန္လိုအပ္သည္မ်ားကို ျမန္မာႏိုင္ငံလုပ္ေနေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရးအတြင္း၀န္ မာဆြတ္ ဘင္ မိုမန္က “႐ိုဟင္ဂ်ာအၾကပ္အတည္း အေနာက္၊ အာ႐ွႏွင့္ ႏွစ္ဖက္အျမင္မ်ား” ဟူသည့္ အြန္လိုင္းညီလာခံတြင္ေျပာသည္။

ယေန႔တြင္က်ေရာက္သည့္ ဘဂၤါလီမ်ားထြက္ေျပးလာျခင္း ၃ ႏွစ္ေျမာက္အထိမ္းအမွတ္ေန႔အျဖစ္ျပဳလုပ္သည့္ညီလာခံတြင္ေျပာျခင္းျဖစ္သည္။

“အာရကန္တပ္ဖြဲ႔(ေအေအ)ကို တပ္မေတာ္ရဲ႕ မၾကာေသးမီကရခိုင္ေျမာက္ပိုင္း႐ွင္းလင္းေရးစစ္ဆင္ေရးေတြနဲ႔ ႏို၀င္ဘာမွာေ႐ြးေကာက္ပြဲ႐ွိတာေၾကာင့္ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္ေတြမွာ ကၽြန္ေတာ္တို႔တကယ္ကို အၾကပ္ဆိုက္ေနပါတယ္။” ဟု မိုမန္ကေျပာသည္။

၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္တြင္ အာရကန္႐ိုဟင္ဂ်ာကယ္ဆယ္ေရးတပ္ဖြဲ႔(အာဆာ)က ရခိုင္ေျမာက္ပိုင္း႐ွိနယ္ျခားေစာင့္စခန္းမ်ားကိုတိုက္ခိုက္ၿပီးေနာက္ တပ္မေတာ္ကနယ္ေျမ႐ွင္းလင္းေရးစစ္ဆင္ေရးမ်ားဆင္ႏႊဲခဲ့သျဖင့္ ဘဂၤါလီ ၇၅၀၀၀၀ ခန္႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ထြက္ေျပးခဲ့သည္။

ၿပီးခဲ့သည့္ ၃ ႏွစ္အတြင္း ဘဂၤါလီမ်ားကို ျပန္လည္လက္ခံေရးႀကိဳးပမ္းမႈ ၂ ႀကိမ္႐ွိခဲ့ေသာ္လည္း ဘဂၤါလီမ်ားက ေနရပ္ျပန္ရန္ျငင္းဆိုသျဖင့္ မေအာင္ျမင္ခဲ့ေခ်။

Ref : Myanmar frustrating repatriation efforts

#PeopleMedia

(unicode)
မြန်မာနိုင်ငံ၏ ဘင်္ဂါလီများနေရပ်ပြန်ရေးအားထုတ်မှုများ စိတ်ပျက်စရာကောင်းနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်ပြော
…………………………………………

ဒါကာ၊ သြဂုတ် ၂၅

ရခိုင်ပြည်နယ်တွင်ပုံမှန်အတိုင်းပြန်ဖြစ်စေရန် မြန်မာနိုင်ငံ၏မည်သည့်အရာမှမလုပ်ခြင်းမဟာဗျူဟာနှင့်ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံပြန်လိုသောဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များအတွက် အခြေခံဝန်ဆောင်မှုများ၊ ဘေးကင်းလုံခြုံမှုနှင့် ရှင်သန်နေထိုင်ရေးရွေးချယ်စရာများဖန်တီးပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆက်လက်တောင်းဆိုနေသည်။

နေရပ်ပြန်ရေးအားထုတ်မှုများကို စိတ်ပျက်စေရန်လိုအပ်သည်များကို မြန်မာနိုင်ငံလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် မာဆွတ် ဘင် မိုမန်က “ရိုဟင်ဂျာအကြပ်အတည်း အနောက်၊ အာရှနှင့် နှစ်ဖက်အမြင်များ” ဟူသည့် အွန်လိုင်းညီလာခံတွင်ပြောသည်။

ယနေ့တွင်ကျရောက်သည့် ဘင်္ဂါလီများထွက်ပြေးလာခြင်း ၃ နှစ်မြောက်အထိမ်းအမှတ်နေ့အဖြစ်ပြုလုပ်သည့်ညီလာခံတွင်ပြောခြင်းဖြစ်သည်။

“အာရကန်တပ်ဖွဲ့(အေအေ)ကို တပ်မတော်ရဲ့ မကြာသေးမီကရခိုင်မြောက်ပိုင်းရှင်းလင်းရေးစစ်ဆင်ရေးတွေနဲ့ နိုဝင်ဘာမှာရွေးကောက်ပွဲရှိတာကြောင့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့တကယ်ကို အကြပ်ဆိုက်နေပါတယ်။” ဟု မိုမန်ကပြောသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်ဖွဲ့(အာဆာ)က ရခိုင်မြောက်ပိုင်းရှိနယ်ခြားစောင့်စခန်းများကိုတိုက်ခိုက်ပြီးနောက် တပ်မတော်ကနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများဆင်နွှဲခဲ့သဖြင့် ဘင်္ဂါလီ ၇၅၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့သည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း ဘင်္ဂါလီများကို ပြန်လည်လက်ခံရေးကြိုးပမ်းမှု ၂ ကြိမ်ရှိခဲ့သော်လည်း ဘင်္ဂါလီများက နေရပ်ပြန်ရန်ငြင်းဆိုသဖြင့် မအောင်မြင်ခဲ့ချေ။

Ref : Myanmar frustrating repatriation efforts

#PeopleMedia


Share this post