• Follow Us on
Home မြန်မာနိုင်ငံကလေးများနေ့၌ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာရှိ (အ.မ.က) မူလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကျောင်းသား/သူ (၂၁)ဦးဒဏ်ရာရ
Share this post
စစ်တွေ၊ ဖေဖော်ဝါရီ – ၁၃
#PeopleMedia
(Unicode)
မြန်မာနိုင်ငံကလေးများနေ့၌ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာရှိ (အ.မ.က) မူလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကျောင်းသား/သူ (၂၁)ဦးဒဏ်ရာရ
……………………………………………………
စစ်တွေ၊ ဖေဖော်ဝါရီ – ၁၃
မြန်မာနိုင်ငံကလေးများနေ့၌ ချိန်ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာရှိ (အ.မ.က) ကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကျောင်းသား/သူ (၂၁) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ခမွေချောင်းကျေးရွာသည် ခမီတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့သည့် (အ.မ.က)မူလွန်ကျောင်း၌ ကျောင်းသား/သူ (၆၀) ကျော်ခန့် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား/သူများကို ဘူးသီးတောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင် ပေးလျှက်ရှိကြောင်း လူမှုအဖွဲ့အချို့က ဆိုပါတယ်။
စာသင်ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဖြစ်ကြောင်း တပ်မတော်နှင့် AA က ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။
ဖေဖော်ဝါရီ(၁၃)ရက်နေ့သည် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး၏ မွေးနေ့ဖြစ်သလို် အဆိုပါနေ့ကို ကလေးများ နေ့လို့လည်း သက်မှတ်ထားပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်များ၌ ကလေးများနေ့အခမ်းအနားများ၊ ဗိုလ်ချုပ် မွေးနေ့အထိမ်းအမှတ်ပွဲများ ကျင်းပနေကြပါတယ်။
#PeopleMedia
Share this post