• Follow Us on
Latest News

Home ျမန္မာႏုိင္ငံထံ အိႏၵိယက ေရငုပ္သေဘၤာလႊဲေပးေတာ့မည္

ျမန္မာႏုိင္ငံထံ အိႏၵိယက ေရငုပ္သေဘၤာလႊဲေပးေတာ့မည္

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၁၆
 
ျမန္မာႏုိင္ငံ၏တပ္မေတာ္(ေရ)ထံ ကီလိုအမ်ိဳးအစားေရငုပ္သေဘၤာ အိုင္အန္အက္စ္ ဆင္ဒူဗာကို လႊဲေျပာင္းေပး ေတာ့မည္ဟု အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔တြင္ေၾကညာသည္။
 
ထိုေရငုပ္သေဘၤာသည္ ျမန္မာႏိုင္ငံတြင္ပထမဆံုးျဖစ္လာမည္ျဖစ္ၿပီး လႊဲေျပာင္းေပးမည့္လုပ္ရပ္သည္ ေရေၾကာင္းမိတ္ဖက္ႏုိင္ငံအားလံုးကို လံုၿခံဳမႈ႐ွိေစရန္ အိႏိၵယေမွ်ာ္မွန္းခ်က္အားလံုးႏွင့္ တညီ တည္းျဖစ္ေနေၾကာင္း ၀န္ႀကီးဌာနေျပာခြင့္ရသူ အာႏူရက္ ဆရီဗာစတာဗာကေျပာသည္။
 
“ဒီမွာေျပာရရင္ အိႏၵိယႏုိင္ငံက ျမန္မာေရတပ္ကို ကီလိုအမ်ိဳးအစားေရငုပ္သေဘၤာ အိုင္အန္အက္စ္ ဆင္ဒူဗာကို လႊဲေျပာင္းေပးေတာ့မွာပါ။ ဒီသေဘၤာဟာ ျမန္မာေရတပ္အတြက္ ပထမဆံုးေရငုပ္သေဘၤာျဖစ္လာမွာကို ကၽြန္ေတာ္တို႔နားလည္ပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔ရဲ႕ ေဒသတြင္းႏိုင္ငံအားလံုးလံုၿခံဳေရးႏွင့္ တိုးတက္ေရး ေမွ်ာ္မွန္းခ်က္ (SAGAR) နဲ႔လည္း ကိုက္ညီၿပီးေတာ့ အိမ္နီးခ်င္းႏိုင္ငံအားလံုးမွာ စြမ္းရည္နဲ႔ ကိုယ့္အား ကိုယ္ကိုးႏိုင္ေရးကတိက၀တ္ေတြနဲ႔လည္း ကိုက္ညီေနပါတယ္”ဟု မစၥတာ ဆရီဗာစတာဗာကေျပာသည္။
 
ၿပီးခဲ့သည့္တပတ္က အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးဌာနအတြင္း၀န္ ဟာ့႐ွ္ ဗာ့ဒ္ဟန္ ႐ွရင္ဂလာႏွင့္ ၾကည္း တပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး မာႏြတ္ မူကန္ နာရာဗာနီတို႔ ျမန္မာႏိုင္ငံလာေရာက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ႏွင့္ ေတြ႔ဆံုခဲ့ၿပီးေနာက္ ယခုလႊဲေျပာင္းမႈ႐ွိမည္ဟု ေၾကညာခဲ့ျခင္းျဖစ္သည္။
 
၁၉၈၀ ျပည့္ႏွစ္မ်ားက ဆိုဗီယက္ျပည္ေထာင္စုမွ၀ယ္ယူခဲ့သည့္ထိုေရငုပ္သေဘၤာကို ဗီဇက္႐ွိ ဟင္ဒူစတန္သေဘၤာက်င္းလီမိတက္က အဆင့္ျမွင့္တင္ထားသည္။
 
စစ္ေအးကာလႏွစ္မ်ားတြင္ ဆိုဗီယက္ျပည္ေထာင္စုကတည္ေဆာက္ခဲ့သည့္ ဒီဇယ္လွ်ပ္စစ္တိုက္ခိုက္ေရးေရငုပ္သေဘၤာအမ်ိဳးအစားထဲတြင္ ပါ၀င္သည္။
 
ထိုေရငုပ္သေဘၤာသည္ ျမန္မာသေဘၤာစုတြင္ပါ၀င္ရန္ဆႏၵ႐ွိေနသည့္သေဘၤာမ်ားတြင္ ပထမဆံုးျဖစ္ၿပီး အစပိုင္းတြင္ တပ္ဖြဲ႔၀င္မ်ား ေလ့က်င့္ေရးႏွင့္အသားက်ေရးအတြက္အသံုးျပဳသြားႏုိင္ေခ်႐ွိသည္ဟု အိႏၵိယဘက္ကခန္႔မွန္းသည္။
 
ၿပီးခဲ့သည့္ႏွစ္တြင္ အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံကို ႐ွရီနာအဆင့္ျမင့္အေပါ့စားေတာ္ပီဒိုမ်ားကို ကာကြယ္ေရးသေဘာတူညီခ်က္အရေပးအပ္ခဲ့သည္။
 
ျမန္မာႏိုင္ငံသို႔ အိႏိၵယႏိုင္ငံ၏စစ္ဘက္ေထာက္ပံ့မႈမ်ားသည္ ျမန္မာႏိုင္ငံအတြက္ စက္မႈလုပ္ငန္းႏွင့္ စီးပြားေရးမိတ္ဖက္ႏိုင္ငံျဖစ္သည့္တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔ ဟိမ၀ႏၱာေတာင္တန္းေဒသ႐ွိ လာဒါ့ေဒသမွ အမွန္တကယ္ထိန္းခ်ဳပ္နယ္ေျမတေလွ်ာက္ စစ္ေရးတင္းမာမႈမ်ားေနာက္ခံတြင္ အေရးႀကီးသည့္လုပ္ရပ္တခုျဖစ္သည္။
 
Ref : India to handover Kilo class attack submarine to Myanmar
 
#PeopleMedia
 
(unicode)
မြန်မာနိုင်ငံထံ အိန္ဒိယက ရေငုပ်သင်္ဘောလွှဲပေးတော့မည်
………………………….
 
နယူးဒေလီ၊ အောက်တိုဘာ ၁၆
 
မြန်မာနိုင်ငံ၏တပ်မတော်(ရေ)ထံ ကီလိုအမျိုးအစားရေငုပ်သင်္ဘော အိုင်အန်အက်စ် ဆင်ဒူဗာကို လွှဲပြောင်းပေး တော့မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင်ကြေညာသည်။
 
ထိုရေငုပ်သင်္ဘောသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်လာမည်ဖြစ်ပြီး လွှဲပြောင်းပေးမည့်လုပ်ရပ်သည် ရေကြောင်းမိတ်ဖက်နိုင်ငံအားလုံးကို လုံခြုံမှုရှိစေရန် အိန္ဒိယမျှော်မှန်းချက်အားလုံးနှင့် တညီ တည်းဖြစ်နေကြောင်း ဝန်ကြီးဌာနပြောခွင့်ရသူ အာနူရက် ဆရီဗာစတာဗာကပြောသည်။
 
“ဒီမှာပြောရရင် အိန္ဒိယနိုင်ငံက မြန်မာရေတပ်ကို ကီလိုအမျိုးအစားရေငုပ်သင်္ဘော အိုင်အန်အက်စ် ဆင်ဒူဗာကို လွှဲပြောင်းပေးတော့မှာပါ။ ဒီသင်္ဘောဟာ မြန်မာရေတပ်အတွက် ပထမဆုံးရေငုပ်သင်္ဘောဖြစ်လာမှာကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဒေသတွင်းနိုင်ငံအားလုံးလုံခြုံရေးနှင့် တိုးတက်ရေး မျှော်မှန်းချက် (SAGAR) နဲ့လည်း ကိုက်ညီပြီးတော့ အိမ်နီးချင်းနိုင်ငံအားလုံးမှာ စွမ်းရည်နဲ့ ကိုယ့်အား ကိုယ်ကိုးနိုင်ရေးကတိကဝတ်တွေနဲ့လည်း ကိုက်ညီနေပါတယ်”ဟု မစ္စတာ ဆရီဗာစတာဗာကပြောသည်။
 
ပြီးခဲ့သည့်တပတ်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာနှင့် ကြည်း တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာနွတ် မူကန် နာရာဗာနီတို့ မြန်မာနိုင်ငံလာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုလွှဲပြောင်းမှုရှိမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
 
၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်ပြည်ထောင်စုမှဝယ်ယူခဲ့သည့်ထိုရေငုပ်သင်္ဘောကို ဗီဇက်ရှိ ဟင်ဒူစတန်သင်္ဘောကျင်းလီမိတက်က အဆင့်မြှင့်တင်ထားသည်။
 
စစ်အေးကာလနှစ်များတွင် ဆိုဗီယက်ပြည်ထောင်စုကတည်ဆောက်ခဲ့သည့် ဒီဇယ်လျှပ်စစ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောအမျိုးအစားထဲတွင် ပါဝင်သည်။
 
ထိုရေငုပ်သင်္ဘောသည် မြန်မာသင်္ဘောစုတွင်ပါဝင်ရန်ဆန္ဒရှိနေသည့်သင်္ဘောများတွင် ပထမဆုံးဖြစ်ပြီး အစပိုင်းတွင် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးနှင့်အသားကျရေးအတွက်အသုံးပြုသွားနိုင်ချေရှိသည်ဟု အိန္ဒိယဘက်ကခန့်မှန်းသည်။
 
ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ရှရီနာအဆင့်မြင့်အပေါ့စားတော်ပီဒိုများကို ကာကွယ်ရေးသဘောတူညီချက်အရပေးအပ်ခဲ့သည်။
 
မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံ၏စစ်ဘက်ထောက်ပံ့မှုများသည် မြန်မာနိုင်ငံအတွက် စက်မှုလုပ်ငန်းနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်သည့်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဟိမဝန္တာတောင်တန်းဒေသရှိ လာဒါ့ဒေသမှ အမှန်တကယ်ထိန်းချုပ်နယ်မြေတလျှောက် စစ်ရေးတင်းမာမှုများနောက်ခံတွင် အရေးကြီးသည့်လုပ်ရပ်တခုဖြစ်သည်။
 
Ref : India to handover Kilo class attack submarine to Myanmar
 
#PeopleMedia

Share this post