• Follow Us on

Home ျမန္မာႏုိင္ငံမွတစ္ဆင့္ မေလးရွားသုိ႔ သြားမည့္ ဘဂၤါလီ ၅ ဦး ျမဝတီၿမိဳ႕၌ ဖမ္းမိ

ျမန္မာႏုိင္ငံမွတစ္ဆင့္ မေလးရွားသုိ႔ သြားမည့္ ဘဂၤါလီ ၅ ဦး ျမဝတီၿမိဳ႕၌ ဖမ္းမိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၄
 
ျမန္မာႏုိင္ငံမွတစ္ဆင့္ မေလးရွားႏုိင္ငံသုိ႔ သြားေရာက္မည့္ ဘဂါၤလီ(၅)ဦးသည္ ေအာက္တုိဘာ(၁၄)ရက္ေန႔၌ ျမ၀တီၿမိဳ႕၊ အမွတ္ ၂ ရပ္ကြက္၌ ဖမ္းဆီးရမိခဲ့သည္။
 
တရားမ၀င္ ၀င္ေရာက္လာသည့္ ဘဂၤါလီ ၅ ဦးဖမ္းဆီးရမိေၾကာင္း ျမ၀တီ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာ ေအာင္မွ People Media သို႔ အတည္ျပဳေျပာၾကားသည္။
 
အဆုိပါျဖစ္စဥ္နွင့္ပတ္သက္၍ People media က ျမဝတီၿမိဳ႕ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္ထံ ဆက္သြ ယ္ေမးျမန္းရာ “ခုလက္ရွိေတာ့ စိစစ္တုန္းပဲ။ သူတို႔ေျပာတာေတာ့ ရခိုင္ျပည္နယ္ကလာတာက ၃ ဦး၊ ရန္ကုန္မွာ ဆံုေတာ့ ေနာက္ထပ္ရန္ကုန္က ၂ ဦးပါတယ္။ စုစုေပါင္း ၅ ဦး ခိုးၿပီး၀င္လာတယ္လို႔ ေျပာတယ္ခင္ဗ်။ အဲဒါေတာ့ ကၽြန္ေတာ္တို႔ စိစစ္ေနတုန္းပဲ။ ရန္ကုန္-ရခိုင္-ျမ၀တီေပါ့။ သူတို႔သြားမွာကေတာ့ မေလးရွားကိုသြားမယ္လို႔ေျပာ တယ္”ဟု ဦးေတဇာေအာင္က ေျပာသည္။
 
ဆက္လက္ၿပီး လက္ရွိေဆာင္ရြက္ထားမႈအေျခအေနအား ၄င္းမွ “ခုပထမတစ္ဆင့္ကေတာ့ က်န္းမာေရးကိစၥ အရင္လုပ္ရတာေပါ့။ ကူးစက္မႈမရွိေအာင္ေပါ့။ ရန္ကုန္ေရာ ရခိုင္ကေရာဆိုေတာ့ အဲဒီျပည္နယ္ေတြက Stay at Home ဆိုေတာ့ေလ။ မေန႔ကမွစၿပီး ေျဖေလွ်ာ့မႈေပးတာကိုး။ သူတို႔လာတဲ့လမ္းေၾကာင္းက ဒါေတြက ကန္႔သ တ္ထားတဲ့အခ်ိန္ေတြျဖစ္ေနတယ္။ အဲဒါကို ဘယ္လိုနည္းလမ္းနဲ႔ ၀င္လာတယ္ဆိုတာကို ကၽြန္ေတာ္တို႔ျပန္စိစစ္ ေနတယ္။ ခုသူတို႔ကိုက်န္းမာေရးအရစစ္ေဆးတယ္။ ၿပီးရင္ Quarantine ထားဖို႔စီစဥ္တယ္။ က်န္တဲ့အပိုင္း ကေတာ့ လ၀ကစစ္ေဆးရမယ့္အပိုင္းကေတာ့စိစစ္ေနတယ္” ဦးေတဇာေအာင္က ဆိုသည္။
 
ထို႔အျပင္ အဆိုပါဘဂၤါလီ ၅ ဦးမွာ တရား၀င္လမ္းေၾကာင္းမွ ၀င္ေရာက္လာျခင္းမဟုတ္ဘဲ ဘယ္လိုနည္းလမ္း ျဖင့္၀င္ေရာက္လာသည္ကို စိစစ္ေနဆဲျဖစ္ၿပီး အေထာက္ထားရွိရွိ၊ မရွိရွိ တရား၀င္ ၀င္ေရာက္ရမည္ျဖစ္ေၾကာင္း ႏွင့္ ယခုလို တရားမ၀င္ ၀င္ေရာက္ျခင္းျဖစ္သည့္အတြက္ ဖမ္းဆီးစစ္ေဆးေနဆဲျဖစ္ေၾကာင္း ျမ၀တီခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴး ဦးေတဇာေအာင္ကေျပာသည္။
 
Photo – Maung MaungNyunt
 
#PeopleMedia #ျမဝတီ #ဦးေတဇာေအာင္ #ဘဂၤါလီ
 
(unicode)
မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားသို့ သွားမည့် ဘင်္ဂါလီ ၅ ဦး မြဝတီမြို့၌ ဖမ်းမိ
………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၁၄
 
မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘဂါင်္လီ(၅)ဦးသည် အောက်တိုဘာ(၁၄)ရက်နေ့၌ မြဝတီမြို့၊ အမှတ် ၂ ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည်။
 
တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၅ ဦးဖမ်းဆီးရမိကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်မှ People Media သို့ အတည်ပြုပြောကြားသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People media က မြဝတီမြို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံ ဆက်သွ ယ်မေးမြန်းရာ “ခုလက်ရှိတော့ စိစစ်တုန်းပဲ။ သူတို့ပြောတာတော့ ရခိုင်ပြည်နယ်ကလာတာက ၃ ဦး၊ ရန်ကုန်မှာ ဆုံတော့ နောက်ထပ်ရန်ကုန်က ၂ ဦးပါတယ်။ စုစုပေါင်း ၅ ဦး ခိုးပြီးဝင်လာတယ်လို့ ပြောတယ်ခင်ဗျ။ အဲဒါတော့ ကျွန်တော်တို့ စိစစ်နေတုန်းပဲ။ ရန်ကုန်-ရခိုင်-မြဝတီပေါ့။ သူတို့သွားမှာကတော့ မလေးရှားကိုသွားမယ်လို့ပြော တယ်”ဟု ဦးတေဇာအောင်က ပြောသည်။
 
ဆက်လက်ပြီး လက်ရှိဆောင်ရွက်ထားမှုအခြေအနေအား ၄င်းမှ “ခုပထမတစ်ဆင့်ကတော့ ကျန်းမာရေးကိစ္စ အရင်လုပ်ရတာပေါ့။ ကူးစက်မှုမရှိအောင်ပေါ့။ ရန်ကုန်ရော ရခိုင်ကရောဆိုတော့ အဲဒီပြည်နယ်တွေက Stay at Home ဆိုတော့လေ။ မနေ့ကမှစပြီး ဖြေလျှော့မှုပေးတာကိုး။ သူတို့လာတဲ့လမ်းကြောင်းက ဒါတွေက ကန့်သ တ်ထားတဲ့အချိန်တွေဖြစ်နေတယ်။ အဲဒါကို ဘယ်လိုနည်းလမ်းနဲ့ ဝင်လာတယ်ဆိုတာကို ကျွန်တော်တို့ပြန်စိစစ် နေတယ်။ ခုသူတို့ကိုကျန်းမာရေးအရစစ်ဆေးတယ်။ ပြီးရင် Quarantine ထားဖို့စီစဉ်တယ်။ ကျန်တဲ့အပိုင်း ကတော့ လဝကစစ်ဆေးရမယ့်အပိုင်းကတော့စိစစ်နေတယ်” ဦးတေဇာအောင်က ဆိုသည်။
 
ထို့အပြင် အဆိုပါဘင်္ဂါလီ ၅ ဦးမှာ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းမဟုတ်ဘဲ ဘယ်လိုနည်းလမ်း ဖြင့်ဝင်ရောက်လာသည်ကို စိစစ်နေဆဲဖြစ်ပြီး အထောက်ထားရှိရှိ၊ မရှိရှိ တရားဝင် ဝင်ရောက်ရမည်ဖြစ်ကြောင်း နှင့် ယခုလို တရားမဝင် ဝင်ရောက်ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်ကပြောသည်။
 
Photo – Maung MaungNyunt
 
#PeopleMedia #မြဝတီ #ဦးတေဇာအောင#ဘင်္ဂါလီ

Share this post