• Follow Us on

Home မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လထိ) မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်းတို့ကို တင်ပို့မည်

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လထိ) မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်းတို့ကို တင်ပို့မည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂ (People Media)

 

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လထိ) မတ်ပဲတန်ချိန် (၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁)သိန်းတို့ကို တင်ပို့ရမည်ဖြစ်ကြောင်း ယမန်နေ့က မြန်မာ-အိန္ဒိယ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee-JMC) အစည်းအဝေးမှ သိရသည်။

 

၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယနိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပထမအကြိမ် ပူးတွဲ ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။

 

အဆိုပါအစည်းအဝေး၌ G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လထိ) မတ်ပဲတန်ချိန် (၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁)သိန်းတို့ကိုတင်ပို့ရမည်ဖြစ်ရာ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ပထမအကြိမ် ပူးတွဲကြီးကြပ် ရေးကော်မတီအစည်းအဝေး ကျင်းပသည့်နေ့အထိ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ပြီးသည့် ပမာဏသည် G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ်အတွက် ခွင့်ပြုထားသည့်ပမာဏထက် ကျော်လွန်တင်ပို့ထားပြီးဖြစ်သည်။

 

လက်ရှိတွင် အိန္ဒိယနိုင်ငံအစိုးရမှ မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် မူဝါဒအား ၂၀၂၂ ခုနှစ်၊ မတ် (၃၁) ရက် အထိသက်တမ်း တိုးမြှင့်ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများနှင့် အိန္ဒိယနိုင်ငံမှ ပဲတင် သွင်းသူများသည် မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်အား အကျိုးရှိစွာ ဆက်လက် အသုံး ချသွားမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ၏ မတ်ပဲနှင့်ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် မူဝါဒ ကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပဲကုန်သွယ်ကဏ္ဍနှင့် စပ်လျဉ်းသည့်ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ယမန်နေ့ကျင်းပသည့် ပူးတွဲကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေး၌ နားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိအတွက် မတ်ပဲနှင့်ပဲစင်းငုံများကို ကုန် သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူများနှင့် နှစ်ဘက်သက်ဆိုင်ရာ အစိုး ရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများကို နှစ်ဘက်သဘောတူ သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #အိန္ဒိယမြန်မာ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #အိန်ဒိယမွနျမာ


Share this post