• Follow Us on

Home မြန်မာနိုင်ငံသား ၆ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ အိန္ဒိယကမ်းခြေေ စာင့်တပ်ဖွဲ့ ဖမ်းမိ


Share this post




Ref;India Today

#PeopleMedia

(Unicode)
မြန်မာနိုင်ငံသား ၆ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ အိန္ဒိယကမ်းခြေ ေစာင့်တပ်ဖွဲ့ ဖမ်းမိ
………………………………………………………

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဟာ ကပ္ပလီပင်လယ်တွင်း လစ်တဲလ်အဒမ်မန်ကျွန်းအရှေ့ဘက် ရေမိုင် ၁၂၅ မိုင်အကွာမှာ မြန်မာနိုင်ငံသား ၆ ဦးကို လှေပေါ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၆ ဦးလိုက်ပါလာတဲ့ လှေပေါ်က မူးယစ်ဆေးဝါးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သန်း ဝန်း ကျင်ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ လှေဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ကမ်းခြေစောင့်ရေယာဉ်ဟာ သတိပေးပစ်ခတ်မှု သုံးကြိမ်ပြုလုပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ India Today က ဖော်ပြခဲ့ပါတယ်။

Ref;India Today

#PeopleMedia


Share this post