• Follow Us on

Home မြန်မာနိုင်ငံသား ၈ ဦးကို ယာဘဆေးပြား ၂ သိန်းနှင့်ဖမ်းမိဟု ဘင်္ဂလားဒေ့ရှ်ဆို

မြန်မာနိုင်ငံသား ၈ ဦးကို ယာဘဆေးပြား ၂ သိန်းနှင့်ဖမ်းမိဟု ဘင်္ဂလားဒေ့ရှ်ဆို

Share this post

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ယာဘဆေးပြား ၂ သိန်းနဲ့ အတူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ The Daily Star သတင်းဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။

ဖမ်းဆီးမိသူ ၈ ဦးဟာ မြန်မာနိုင်ငံကလာတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသား ၈ ဦးကို အင်ဂျင်တပ်လှေတစ်စီးနဲ့ အတူ အမေရိကန်ဒေါ်လာ ၇ သိန်းကျော်တန်ဖိုးရှိတဲ့ ယာဘမူးယစ်ဆေးဝါးတွေကို ည ၁၁ နာရီအချိန် ဘင်္ဂလားပင်လယ်က စိန့်မာတင် ကျွန်းအနီးမှာ ဖမ်းဆီးမိခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးမိသူ ၈ ဦးကို မူးယစ်မှောင်ခိုကူးမှု၊နိုင်ငံပိုင်နက်တွင်း ကျူးကျော်ဝင်ရောက်မှုတွေနဲ့ ရဲဌာနကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Ref; The Daily Star


Share this post