• Follow Us on

Home ျမန္မာႏုိင္ငံအတြင္းရွိ မိုးနည္း၍ ေရရွားပါးေသာေဒသမ်ား၊ ခ်င္းျပည္နယ္ႏွင့္ ရန္ကုန္ၿမိဳ႕တုိ႔၌ ေရအရင္းအျမစ္၊ ေရသန႔္စင္မႈ၊ ျဖန႔္ေဝမႈတိုကုိ ေခတ္မီနည္းပညာမ်ားျဖင့္ စနစ္တက်ေဆာင္႐ြက္နိုင္ေရး ကုိရီးယားႏုိင္ငံက ျမန္မာႏုိင္ငံကုိ ကူညီမည္

ျမန္မာႏုိင္ငံအတြင္းရွိ မိုးနည္း၍ ေရရွားပါးေသာေဒသမ်ား၊ ခ်င္းျပည္နယ္ႏွင့္ ရန္ကုန္ၿမိဳ႕တုိ႔၌ ေရအရင္းအျမစ္၊ ေရသန႔္စင္မႈ၊ ျဖန႔္ေဝမႈတိုကုိ ေခတ္မီနည္းပညာမ်ားျဖင့္ စနစ္တက်ေဆာင္႐ြက္နိုင္ေရး ကုိရီးယားႏုိင္ငံက ျမန္မာႏုိင္ငံကုိ ကူညီမည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ျမန္မာႏုိင္ငံအတြင္းရွိ မိုးနည္း၍ေရရွားပါးေသာေဒသမ်ား၊ ခ်င္းျပည္နယ္ႏွင့္ ရန္ကုန္ၿမိဳ႕တုိ႔၌ ေရအရင္းအျမစ္၊ ေရသန႔္စင္မႈ၊ ျဖန႔္ေဝမႈတိုကုိ ေခတ္မီနည္းပညာမ်ားျဖင့္ စနစ္တက် ေဆာင္႐ြက္နိုင္ေရး ကုိရီးယားႏုိင္ငံက ျမန္မာႏုိင္ငံကုိ ကူညီသြားမည္ျဖစ္သည္။
 
ျမန္မာႏုိင္ငံ၌ ေရအရင္းအျမစ္၊ ေရသန႔္စင္မႈ၊ ျဖန႔္ေဝမႈတိုကုိ ေခတ္မီနည္းပညာမ်ားျဖင့္ စနစ္တက် ေဆာင္ ႐ြက္နိုင္ေရးအတြက္ ကိုရီးယားသမၼတနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသန္႔စင္သည္ ဒီဇင္ဘာ(၈)ရက္ေန႔၌ ဆိုးလ္ၿမိဳ႕၊ Seoul Water Works Authority မွ Director မ်ားျဖစ္ၾကေသာ Hong Young-Jeon Mr. Kim Young-gi တို႔ ဦးေဆာင္ေသာအဖြဲ႕အား ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ၾကသည္။
 
ထုိသုိ႔ ေတြ႔ဆုံရာ၌ ျမန္မာသံအမတ္ႀကီးက ျမန္မာနိုင္ငံ၊ ခ်င္းျပည္နယ္အပါအဝင္ မိုးနည္း၍ေရရွားပါးေသာ ေဒသမ်ားႏွင့္ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ေသာ ရန္ကုန္ၿမိဳ႕တို႔တြင္ ေရအရင္းအျမစ္၊ ေရသန႔္စင္မႈ၊ ျဖန႔္ေဝမႈတို႔အား ေခတ္မီနည္းပညာမ်ားျဖင့္ စနစ္တက် ေဆာင္႐ြက္နိုင္ေရးအတြက္ လိုအပ္သည္မ်ားကို Seoul Water Works Authority ပံ့ပိုးေပးနိုင္ရန္တုိ႔ ေဆြးေႏြးခဲ့သည္။
 
အဆိုပါကိစၥရပ္ႏွင့္ပတ္သက္၍ Seoul Water Works Authority မွေရအရင္းအျမစ္ဆိုင္ရာ ပညာရွင္မ်ား ျမန္မာနိုင္ငံသို႔သြားေရာက္ေလ့လာေရးႏွင့္ပတ္သက္၍ COVID-19 ကူးစက္ေရာဂါ အေျခအေနအရ ကန႔္ သတ္ခ်က္မ်ားရွိခဲ့သျဖင့္ ယခုတိုင္သြားေရာက္နိုင္ျခင္း မရွိေသးေသာ္လည္း ျမန္မာ-ကိုရီးယား ႏွစ္နိုင္ငံအၾကား သက္ဆိုင္ရာတာဝန္ရွိဝန္ႀကီးဌာနမ်ားႏွင့္ လိုအပ္သည့္ ညွိႏွိုင္းမႈမ်ား ၿပီးစီးပါက၊ ျမန္မာနိုင္ငံသို႔ သြားေရာက္ေလ့ လာေရးအတြက္ ဆက္လက္ေဆာင္႐ြက္လိုပါေၾကာင္း ေဆြးေႏြးခဲ့ၾကသည္။
 
#PeopleMedia #ကုိရီးယား #ျမန္မာ #ေရအရင္းအျမစ္
 
(unicode)
မြန်မာနိုင်ငံအတွင်းရှိ မိုးနည်း၍ ရေရှားပါးသောဒေသများ၊ ချင်းပြည်နယ်နှင့် ရန်ကုန်မြို့တို့၌ ရေအရင်းအမြစ်၊ ရေသန့်စင်မှု၊ ဖြန့်ဝေမှုတိုကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို ကူညီမည်
…………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မြန်မာနိုင်ငံအတွင်းရှိ မိုးနည်း၍ရေရှားပါးသောဒေသများ၊ ချင်းပြည်နယ်နှင့် ရန်ကုန်မြို့တို့၌ ရေအရင်းအမြစ်၊ ရေသန့်စင်မှု၊ ဖြန့်ဝေမှုတိုကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေး ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို ကူညီသွားမည်ဖြစ်သည်။
 
မြန်မာနိုင်ငံ၌ ရေအရင်းအမြစ်၊ ရေသန့်စင်မှု၊ ဖြန့်ဝေမှုတိုကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ဆောင် ရွက်နိုင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ(၈)ရက်နေ့၌ ဆိုးလ်မြို့၊ Seoul Water Works Authority မှ Director များဖြစ်ကြသော Hong Young-Jeon Mr. Kim Young-gi တို့ ဦးဆောင်သောအဖွဲ့အား မြန်မာသံရုံး၊ ဆိုးလ်မြို့ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြသည်။
 
ထိုသို့ တွေ့ဆုံရာ၌ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အပါအဝင် မိုးနည်း၍ရေရှားပါးသော ဒေသများနှင့် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တို့တွင် ရေအရင်းအမြစ်၊ ရေသန့်စင်မှု၊ ဖြန့်ဝေမှုတို့အား ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို Seoul Water Works Authority ပံ့ပိုးပေးနိုင်ရန်တို့ ဆွေးနွေးခဲ့သည်။
 
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ Seoul Water Works Authority မှရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်များ မြန်မာနိုင်ငံသို့သွားရောက်လေ့လာရေးနှင့်ပတ်သက်၍ COVID-19 ကူးစက်ရောဂါ အခြေအနေအရ ကန့် သတ်ချက်များရှိခဲ့သဖြင့် ယခုတိုင်သွားရောက်နိုင်ခြင်း မရှိသေးသော်လည်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား သက်ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာနများနှင့် လိုအပ်သည့် ညှိနှိုင်းမှုများ ပြီးစီးပါက၊ မြန်မာနိုင်ငံသို့ သွားရောက်လေ့ လာရေးအတွက် ဆက်လက်ဆောင်ရွက်လိုပါကြောင်း ဆွေးနွေးခဲ့ကြသည်။
 
#PeopleMedia #ကိုရီးယား #မြန်မာ #ရေအရင်းအမြစ်

Share this post