• Follow Us on

Home ျမန္မာႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံတုိ႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏုိင္ငံမ်ား ျဖစ္ေၾကာင္း တပ္ခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးေဆြးေႏြး

ျမန္မာႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံတုိ႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏုိင္ငံမ်ား ျဖစ္ေၾကာင္း တပ္ခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးေဆြးေႏြး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံ ေတာ္ေကာင္စီ၀င္ႏွင့္ ႏုိင္ငံျခားေရး၀န္ႀကီးျဖစ္သူ Mr. Wang Yi ဦးေဆာင္ေသာကုိယ္စားလွယ္အဖြဲ႕ႏွင့္ ယေန႔ နံနက္ပိုင္းတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ ရန္ႀကီးေအာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး မုိးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံေတာ္ေကာင္စီ၀င္ႏွင့္ ႏုိင္ငံျခားေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံအမတ္ႀကီး Mr. Chen Hai ႏွင့္တာ၀န္ရွိ သူမ်ားတက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆံုရာတြင္ ျမန္မာႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံတုိ႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာ မိတ္ဖက္ႏုိင္ငံမ်ားျဖစ္ၿပီး ညီရင္းအကုိစိတ္ဓာတ္ျဖင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးတုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ႏွစ္ႏုိင္ငံဆက္ဆံေရး သံတမန္ႏွစ္ (၇၀) ျပည့္ ေျမာက္မည္ျဖစ္ၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရး ပုိမုိတုိးျမင့္ခုိင္မာေအာင္ ေဆာင္ရြက္ႏုိင္မည့္ အေျခအေနမ်ား၊ ႏုိင္ငံ တကာႏွင့္ မိတ္၀တ္မပ်က္ဆက္ဆံေရး၊ ဘက္မလုိက္ဘဲၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထုိင္ေရးစေသာ ျမန္မာႏုိင္ ငံ၏ ႏုိင္ငံျခားေရးမူ၀ါဒမ်ားအတုိင္း တပ္မေတာ္က အေလးထား လုိက္နာေဆာင္ရြက္လ်က္ရွိသည့္အေျခအေန မ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျမန္မာႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ တပ္မ ေတာ္မွ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ တ႐ုတ္ႏုိင္ငံအေနျဖင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္း ေရးဆုိင္ရာ ႀကိဳးပမ္းေဆာင္ရြက္မႈမ်ားတြင္ ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားအား ခင္မင္ရင္း ႏွီးစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

#PeopleMedia

(Unicode)
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း တပ်ချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံ တော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Wang Yi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်တာဝန်ရှိ သူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံဆက်ဆံရေး သံတမန်နှစ် (၇၀) ပြည့် မြောက်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နိုင်ငံ တကာနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ဘက်မလိုက်ဘဲငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးစသော မြန်မာနိုင် ငံ၏ နိုင်ငံခြားရေးမူဝါဒများအတိုင်း တပ်မတော်က အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည့်အခြေအနေ များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မ တော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တရုတ်နိုင်ငံအနေဖြင့် တပ်မတော်၏ ငြိမ်းချမ်း ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ခင်မင်ရင်း နှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

#PeopleMedia


Share this post