• Follow Us on

Home မြန်မာနှင့် EU တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် စာချွန်လွှာအား လက်မှတ် ရေးထိုးနိုင်ရေးကို ဆွေးနွေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြောကြား

မြန်မာနှင့် EU တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် စာချွန်လွှာအား လက်မှတ် ရေးထိုးနိုင်ရေးကို ဆွေးနွေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၅

 

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး အတွက် စာချွန်လွှာအား လက်မှတ်ရေးထိုးနိုင်ရေးကို ဆွေးနွေးနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

 

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU) တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင် ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့သည်။

 

“မြန်မာနိုင်ငံနဲ့ ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုး နိုင်ဖို့ကို ဆွေးနွေးဆောင်ရွက်နေပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာမှာ နှစ်ဖက်အပြန်အလှန် အကျိုး ရှိမယ့် စီးပွားရေးနယ်ပယ်ကဏ္ဍတွေကို ရွေးချယ်ပြီး၊ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ EAEU အဖွဲ့ဝင် နိုင်ငံတွေအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့နဲ့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့နဲ့ အကာအ ကွယ်ပေးရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆောင်ရွက်လျက်ရှိသလို ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာလည်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ချမှတ်ဆောင် ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ကောင်းမွန်စေရေးအတွက် ပြုပြင် ပြောင်းလဲဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဓါတ်မြေဩဇာ ထုတ်လုပ်ရေး ကဏ္ဍ၊ စားသုံးဆီထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ့ပိုကုန်များကို ဥရောပ အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို တိုးမြှင့်တင်ပိုနိုင်ရေး၊ မြန်မာနိုင်ငံမှ လိုအပ်သည့် ဓါတ်မြေဩဇာများ၊ ရေနံထွက်ပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရေးကိစ္စများကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ အဓိကပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် စွမ်းအင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သတ္တုကဏ္ဍ၊ အခြေခံ အဆောက်အဦ၊ သတင်းအချက်အလက်နှင့် ပို့ ဆောင်ဆက်သွယ်ရေးနည်းပညာ၊ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးကဏ္ဍအလိုက် အစိုးရနှင့် ပုဂ္ဂလိက တာဝန်ရှိ သူများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အခွင့်အလမ်းများ၊ ကဏ္ဍ အလိုက် အဓိကပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

 

(unicode)


……………………………………

 


 


 


 


 


 



Share this post