• Follow Us on

Home ျမန္မာႏွင့္ ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား ၅ နာရီေက်ာ္ၾကာ ေဆြးေႏြး

ျမန္မာႏွင့္ ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား ၅ နာရီေက်ာ္ၾကာ ေဆြးေႏြး

Share this post

ဒါကာ၊ ေအာက္တိုဘာ ၉

ဘဂၤလားေဒ့႐ွ္-ျမန္မာနယ္စပ္လံုၿခံဳေရးတပ္ဖြဲ႕မ်ား၏ တပ္ရင္းအဆင့္ေဆြးေႏြးမႈမ်ားကို ဘဂၤလားေဒ့႐ွ္ဘက္ သုညမွတ္႐ွိ ဂန္ဒမ္တြင္ ၾကာသပေတးေန႔မနက္ပိုင္းကျပဳလုပ္ခဲ့သည္။

ေကာ့က္စ္ဘဇားခ႐ိုင္ဆိုင္ရာတပ္ဖြဲ႔မ်ားညႊန္ၾကားေရးမွဴး ဒုတိယဗုိလ္မွဴးႀကီး မိုစတာဖီဂ်ာ ရာမန္ ဦးေဆာင္ သည့္အဖြဲ႔၀င္ ၁၆ ေယာက္ပါ၀င္သည့္ ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႔ကိုယ္စားလွယ္အဖြဲ႔ႏွင့္ ေမာင္ေတာ ၿမိဳ႕နယ္ အမွတ္ ၂ ေျခလ်င္တပ္ရင္း တပ္ရင္းမွဴး ဒုတိယဗိုလ္မွဴးႀကီး ထြန္းၿငိမ္း ဦးေဆာင္သည့္ ကိုယ္စားလွယ္ ၁၁ ေယာက္ပါေသာျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႔ကိုယ္စားလွယ္အဖြဲ႕တို႔ေတြ႔ဆံုခဲ့ျခင္းျဖစ္သည္။

၅ နာရီခြဲၾကာေဆြးေႏြးခဲ့သည္ဟု ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႔ဘက္ကေျပာသည္။

ႏိုင္ငံတကာစည္းကမ္းမ်ားကိုခ်ိဳးေဖာက္ၿပီး နယ္စပ္တြင္တပ္ဖြဲ႔၀င္မ်ားေနရာယူေနျခင္းကို ဘဂၤလားေဒ့႐ွ္ဘက္က ေမးခြန္းထုတ္ခဲ့ၿပီး တပ္ရင္းမ်ားေျပာင္းလဲေနရာခ်ေနျခင္းႏွင့္ နယ္စပ္စခန္းမ်ားကိုထိန္းထားႏိုင္ရန္ တပ္သား သစ္မ်ားေနရာခ်ျခင္းျဖစ္သည္ဟု ျမန္မာဘက္ကေျဖ႐ွင္းသည္။

နယ္စပ္တြင္ လမ္းမတစ္လမ္းေဖာက္ေနၿပီး လမ္းၿပီးပါက ႏွစ္ႏိုင္ငံလံုၿခံဳေရးတပ္ဖြဲ႔မ်ားပူးေပါင္းကင္းလွည့္ရန္ စီစဥ္ထားသည္ဟု ဘဂၤလားေဒ့႐ွ္ဘက္ကေျပာသည္။

လူကုန္ကူးမႈႏွင့္မူးယစ္ေဆးကုန္ကူးျခင္းတို႔ကို ဟန္႔တားရန္ ႏွစ္ဖက္သေဘာတူခဲ့သည္။

Ref : BGB, BGP hold flag meeting

#Peoplemedia

(unicode)
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့များ ၅ နာရီကျော်ကြာ ဆွေးနွေး
……………………………………..

ဒါကာ၊ အောက်တိုဘာ ၉

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ရင်းအဆင့်ဆွေးနွေးမှုများကို ဘင်္ဂလားဒေ့ရှ်ဘက် သုညမှတ်ရှိ ဂန်ဒမ်တွင် ကြာသပတေးနေ့မနက်ပိုင်းကပြုလုပ်ခဲ့သည်။

ကော့က်စ်ဘဇားခရိုင်ဆိုင်ရာတပ်ဖွဲ့များညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး မိုစတာဖီဂျာ ရာမန် ဦးဆောင် သည့်အဖွဲ့ဝင် ၁၆ ယောက်ပါဝင်သည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကိုယ်စားလှယ်အဖွဲ့နှင့် မောင်တော မြို့နယ် အမှတ် ၂ ခြေလျင်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းငြိမ်း ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ယောက်ပါသောမြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၅ နာရီခွဲကြာဆွေးနွေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဘက်ကပြောသည်။

နိုင်ငံတကာစည်းကမ်းများကိုချိုးဖောက်ပြီး နယ်စပ်တွင်တပ်ဖွဲ့ဝင်များနေရာယူနေခြင်းကို ဘင်္ဂလားဒေ့ရှ်ဘက်က မေးခွန်းထုတ်ခဲ့ပြီး တပ်ရင်းများပြောင်းလဲနေရာချနေခြင်းနှင့် နယ်စပ်စခန်းများကိုထိန်းထားနိုင်ရန် တပ်သား သစ်များနေရာချခြင်းဖြစ်သည်ဟု မြန်မာဘက်ကဖြေရှင်းသည်။

နယ်စပ်တွင် လမ်းမတစ်လမ်းဖောက်နေပြီး လမ်းပြီးပါက နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့များပူးပေါင်းကင်းလှည့်ရန် စီစဉ်ထားသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြောသည်။

လူကုန်ကူးမှုနှင့်မူးယစ်ဆေးကုန်ကူးခြင်းတို့ကို ဟန့်တားရန် နှစ်ဖက်သဘောတူခဲ့သည်။

Ref : BGB, BGP hold flag meeting


Share this post