• Follow Us on

Home မြန်မာနှင့် အိန္ဒိယရေကြောင်းလုံခြုံရေး သတင်းအချက်အလက်မျှဝေမှု သဘောတူညီမှုရရှိရန် နီးစပ်


Share this post




အခုလို သဘောတူညီချက်ဟာ နှစ်နိုင်ငံကြား သတင်းအချက်အလက်မျှဝေမှုနဲ့ သဘာဝဘေးအန္တရာယ်ကာ ကွယ်ရေးတို့ကို အမြန်ဆုံး တုံ့ပြန်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

Ref; newindianexpress

#PeopleMedia

(Unicode)
မြန်မာနှင့် အိန္ဒိယရေကြောင်းလုံခြုံရေး သတင်းအချက်အလက်မျှဝေမှု သဘောတူညီမှုရရှိရန် နီးစပ်
…………………………………………………………

အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ရေကြောင်းလုံခြုံရေးကို မြှင့်တင်ဖို့အတွက် သတင်းအချက်အလက်မျှဝေမှု သဘောတူညီချက်ရရှိဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ The News Indian Express က ဖော်ပြပါတယ်။

အသေးစိတ်ကို မြန်မာနိုင်ငံနဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို့ အိန္ဒိယအစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အခုလို သဘောတူညီချက်ကို ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ တို့နဲ့လည်း သဘောတူညီချက်တွေရရှိထားခဲ့ပြီးဖြစ်ပါတယ်။

အခုလိ်ု သဘောတူညီချက်ဟာ နှစ်နိုင်ငံကြား သတင်းအချက်အလက်မျှဝေမှုနဲ့ သဘာဝဘေးအန္တရာယ်ကာ ကွယ်ရေးတို့ကို အမြန်ဆုံး တုံ့ပြန်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း အိန္ဒိယနဲ့ အခုလို သဘောတူညီချက်ကို အခုနှစ် အောက်တိုဘာလက နားလည် မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Ref; newindianexpress


Share this post