• Follow Us on

Home မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည်

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည်

Share this post

ရန်ကုန်၊ မတ် ၁၅

 

၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည် ဖြစ် ကြောင်း ဒါရိုက်တာ ဇင်ရော်မောင်မောင်က ပြီးခဲ့သည့်ရက်ပိုင်းက သူ၏ လူမှုကွန်ယက်တွင် ပြောဆိုထားသည်။

 

ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ခုနှစ် မတ်လအတွင်းမှစ၍ ရုပ်ရှင်ရုံများ ယာယီ ပိတ်ထားခဲ့ရာ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနမှလည်း ရုပ်ရှင်လုပ်ငန်းများ ပြန်လည်စတင်ရန် စီစဉ်ဆောင် ရွက်ပေးနေလျက်ရှိသည်။

 

“ကျွန်တော်၏ ၂ နှစ်ကြာ ပိတ်နေဆဲဖြစ်သော စင်ရော်ရုပ်ရှင်ရုံးခန်း အရမ်းကို ရုံးဖွင့်ချင်ပြီ။ သြင်္ကန်ပြီးရင် ရုံးခန်း ဖွင့်ရပါစေဗျာ။ နှစ်ဆန်းတစ်ရက်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ်” ဟု ဒါရိုက်တာ ဇင်ရော်မောင်မောင်က ပြော သည်။

 

မကြာခင်ကာလတွင် ရုပ်ရှင်အနုပညာနှင့်ပတ်သက်သည့် လုပ်ငန်းများကို ပြန်လည်စတင်ရန် စီစဉ်နေပြီဖြစ် သဖြင့် မင်္ဂလာရှိသည့်အချိန်ဖြစ်ကြောင်း၊ ယခုအခါတွင် ရပ်နားထားသည့် အနုပညာလုပ်ငန်းများကို ပုံမှန် ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရေးအတွက် လက်တွေ့ကျကျ လုပ် ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်စည်းအရုံး ယာယီအမှုဆောင်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးစဉ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားထားသည်။

 

(unicode)


………………………………..

 


 


 


 


 



Share this post