• Follow Us on
Latest News

Home ျမန္မာ – တ႐ုတ္နယ္စပ္ဂိတ္မ်ားကို ယာယီပိတ္ရန္ ကခ်င္ျပည္နယ္အစုိးရအဖြဲ႕မွ ျပည္ေထာင္စုအစိုးရထံ တင္ျပထားေသာ္လည္ ႏွစ္ရက္ၾကာသည္အထိ အေၾကာင္းမျပန္

ျမန္မာ – တ႐ုတ္နယ္စပ္ဂိတ္မ်ားကို ယာယီပိတ္ရန္ ကခ်င္ျပည္နယ္အစုိးရအဖြဲ႕မွ ျပည္ေထာင္စုအစိုးရထံ တင္ျပထားေသာ္လည္ ႏွစ္ရက္ၾကာသည္အထိ အေၾကာင္းမျပန္

Share this post

ျမစ္ႀကီးနား၊ ဇန္နဝါရီ – ၂၇

ကခ်င္ျပည္နယ္ရွိ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားကို ယာယီပိတ္ရန္ ကခ်င္ျပည္နယ္အစုိးရအဖြဲ႕မွ ျပည္ေထာင္ စုအစိုးရထံ တင္ျပထားေသာ္လည္း ျပည္ေထာင္စုအစုိးရမွ ႏွစ္ရက္ၾကသည္အထိ အေၾကာင္းျပန္ျခင္းမရွိ ေၾကာင္း ကခ်င္ျပည္နယ္အစုိးရအဖြဲ႕က ေျပာဆုိပါတယ္။

ကခ်င္ျပည္နယ္အတြင္းရွိ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မ်ားျဖစ္သည့္ ကန္ပိုင္တည္ဂိတ္ႏွင့္ လြယ္ဂ်ယ္ဂိတ္မ်ားကို ယာယီပိတ္ထားနိုင္ရန္ ကခ်င္ျပည္နယ္အစိုးရမွ ျပည္ေထာင္စုအစိုးရထံသို႔ တင္ျပထားျခင္းလည္းျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕တြင္ ကို႐ုိနာဗိုင္းရပ္စ္ဟု လူသိမ်ားေနေသာ အဆုတ္ေရာင္ေရာဂါျဖစ္ပြားေနမႈေၾကာင့္ ကခ်င္ျပည္နယ္အတြင္း ေရာဂါျပန္႔ပြားမႈမျဖစ္ေစရန္ နယ္စပ္ဂိတ္မ်ား ယာယီပိတ္ႏုိင္ေရးအတြက္ ျပည္ေထာင္စု အစိုးရထံသို႔ လြန္ခဲ့ေသာ ႏွစ္ရက္က တင္ျပထားေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ယေန႔ ဇန္နဝါရီလ ၂၇ ရက္ေန႔က ေျပာပါတယ္။

လက္ရွိမွာ တ႐ုတ္နယ္စပ္ဂိတ္မ်ားျဖစ္သည့္ ကန္ပိုင္တည္ႏွင့္ လြယ္ဂ်ယ္ဂိတ္မ်ားတြင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနအဖြဲ႕ႏွင့္ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားက နယ္စပ္အဝင္အထြက္ခရီးသြားမ်ားကို က်န္းမာေရးဆိုင္ရာ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း ကခ်င္ျပည္နယ္ ဗမာတိုင္းရင္းသားေရးဝန္ႀကီး ဦးခင္ေမာင္ျမင့္(ခ)ဦးဒိတ္က ဆုိပါတယ္။

တ႐ုတ္ႏုိင္ငံသားမ်ားသည္ ကခ်င္ျပည္နယ္အတြင္း၌ တရားဝင္/တရားမဝင္ ေနထုိင္မႈရွိသည့္ ျပည္နယ္တစ္ခု လည္း ျဖစ္ပါတယ္။ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ ဟူေဘးျပည္နယ္ ဝူဟန္ေဒသမွ စတင္ျပန္႔ပြားသည္ဟု ယူဆရ ေသာ ကို႐ုိနာဗိုင္းရပ္စ္ အဆုတ္ေရာင္ေရာဂါ ကူးစက္ခံေနရသူ ၂၀၀၀ ဦးေက်ာ္ရွိေနၿပီျဖစ္ၿပီး ယင္းေရာဂါေၾကာင့္ ေသဆုံးသူ ၈ဝ ေက်ာ္အထိရွိေနၿပီျဖစ္ေၾကာင္း တ႐ုတ္ျပည္တြင္းမီဒီယာမ်ားက ေဖၚျပထာၿပီးျဖစ္ပါတယ္။

#PeopleMedia #ကခ်င္ျပည္နယ္အစုိးရအဖြဲ႕

(Unicode)
မြန်မာ – တရုတ်နယ်စပ်ဂိတ်များကို ယာယီပိတ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည် နှစ်ရက်ကြာသည်အထိ အကြောင်းမပြန်
……………………………………………………………

မြစ်ကြီးနား၊ ဇန်နဝါရီ – ၂၇

ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များကို ယာယီပိတ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင် စုအစိုးရထံ တင်ပြထားသော်လည်း ပြည်ထောင်စုအစိုးရမှ နှစ်ရက်ကြသည်အထိ အကြောင်းပြန်ခြင်းမရှိ ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုင်တည်ဂိတ်နှင့် လွယ်ဂျယ်ဂိတ်များကို ယာယီပိတ်ထားနိုင်ရန် ကချင်ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားခြင်းလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဟု လူသိများနေသော အဆုတ်ရောင်ရောဂါဖြစ်ပွားနေမှုကြောင့် ကချင်ပြည်နယ်အတွင်း ရောဂါပြန့်ပွားမှုမဖြစ်စေရန် နယ်စပ်ဂိတ်များ ယာယီပိတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရထံသို့ လွန်ခဲ့သော နှစ်ရက်က တင်ပြထားကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောပါတယ်။

လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုင်တည်နှင့် လွယ်ဂျယ်ဂိတ်များတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက နယ်စပ်အဝင်အထွက်ခရီးသွားများကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က ဆိုပါတယ်။

တရုတ်နိုင်ငံသားများသည် ကချင်ပြည်နယ်အတွင်း၌ တရားဝင်/တရားမဝင် နေထိုင်မှုရှိသည့် ပြည်နယ်တစ်ခု လည်း ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်ဒေသမှ စတင်ပြန့်ပွားသည်ဟု ယူဆရ သော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ခံနေရသူ ၂၀၀၀ ဦးကျော်ရှိနေပြီဖြစ်ပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၈ဝ ကျော်အထိရှိနေပြီဖြစ်ကြောင်း တရုတ်ပြည်တွင်းမီဒီယာများက ဖေါ်ပြထာပြီးဖြစ်ပါတယ်။

#PeopleMedia #ကချင်ပြည်နယ်အစိုးရအဖွဲ့


Share this post