• Follow Us on

Home ျမန္မာ-တ႐ုတ္နယ္စပ္ ကန္ပုိင္တည္ဂိတ္ကုိ ျမန္မာအစုိးရမွ စတင္ပိတ္လုိက္ၿပီ

ျမန္မာ-တ႐ုတ္နယ္စပ္ ကန္ပုိင္တည္ဂိတ္ကုိ ျမန္မာအစုိးရမွ စတင္ပိတ္လုိက္ၿပီ

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၂၇

ကခ်င္ျပည္နယ္၊ ဝုိင္းေမာ္ၿမိဳ႕နယ္ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ ျမန္မာပုိင္ ကန္ပိုင္တည္နယ္စပ္ဂိတ္ကုိ ျမန္မာအာ ဏာပုိင္မ်ားက ယေန႔ ေန႔လည္ပုိင္းက စတင္ပိတ္လုိက္ေၾကာင္း လုံၿခံဳေရးအဖြဲ႕မ်ားက အတည္ျပဳပါတယ္။

ကခ်င္ျပည္နယ္ရွိ ျမန္မာ-တ႐ုတ္နယ္စပ္အျဖစ္ ကန္ပုိင္တည္ဂိတ္ႏွင့္ လြယ္ဂ်ယ္ဂိတ္ေတြကေတာ့ အဓိကကုန္ သြယ္ဂိတ္ေပါက္ေတြျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ တ႐ုတ္ႏုိင္ငံ၌ ျဖစ္ပြားလွ်က္ရွိသည့္ ကုိ႐ုနာဗုိင္းရပ္သည္ တ႐ုတ္ႏုိင္ငံမွ စတင္ၿပီး ကမၻာအႏွံ႔ ႏုိင္ငံမ်ားသုိ႔ ကူးစက္လွ်က္ရွိၿပီး ေသဆုံးမႈမ်ားလည္းရွိလာပါတယ္။ သက္ဆုိင္ရာ ႏုိင္ငံမ်ားကေတာ့ ေရာဂါထိန္း ခ်ဳပ္ေရးေဆာင္ရြက္လွ်က္ရွိပါတယ္။

တ႐ုတ္ႏွင့္ အိမ္နီးျခင္းႏုိင္ငံမ်ားျဖစ္သည့္ ထုိင္းႏုိင္ငံအပါအဝင္ ႏုိင္ငံအခ်ဳိ႕၌ အဆုိပါေရာဂါ ပ်ံ႕ႏွံ႔လွ်က္ရွိေသာ္ လည္း ျမန္မာႏုိင္ငံ၌ ကူးစက္ခံရျခင္းမရွိေၾကာင္း ျမန္မာအစုိးရက အတည္ျပဳေျပာဆုိထားၿပီးလည္းျဖစ္ပါတယ္။

Photo – ရဲမုိးဟိန္း

#PeopleMedia

(Unicode)
မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တည်ဂိတ်ကို မြန်မာအစိုးရမှ စတင်ပိတ်လိုက်ပြီ
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြန်မာ-တရုတ်နယ်စပ်ရှိ မြန်မာပိုင် ကန်ပိုင်တည်နယ်စပ်ဂိတ်ကို မြန်မာအာ ဏာပိုင်များက ယနေ့ နေ့လည်ပိုင်းက စတင်ပိတ်လိုက်ကြောင်း လုံခြုံရေးအဖွဲ့များက အတည်ပြုပါတယ်။

ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ်အဖြစ် ကန်ပိုင်တည်ဂိတ်နှင့် လွယ်ဂျယ်ဂိတ်တွေကတော့ အဓိကကုန် သွယ်ဂိတ်ပေါက်တွေဖြစ်ပါတယ်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံ၌ ဖြစ်ပွားလျှက်ရှိသည့် ကိုရုနာဗိုင်းရပ်သည် တရုတ်နိုင်ငံမှ စတင်ပြီး ကမ္ဘာအနှံ့ နိုင်ငံများသို့ ကူးစက်လျှက်ရှိပြီး သေဆုံးမှုများလည်းရှိလာပါတယ်။ သက်ဆိုင်ရာ နိုင်ငံများကတော့ ရောဂါထိန်း ချုပ်ရေးဆောင်ရွက်လျှက်ရှိပါတယ်။

တရုတ်နှင့် အိမ်နီးခြင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့၌ အဆိုပါရောဂါ ပျံ့နှံ့လျှက်ရှိသော် လည်း မြန်မာနိုင်ငံ၌ ကူးစက်ခံရခြင်းမရှိကြောင်း မြန်မာအစိုးရက အတည်ပြုပြောဆိုထားပြီးလည်းဖြစ်ပါတယ်။

Photo – ရဲမိုးဟိန်း

#PeopleMedia


Share this post