• Follow Us on

Home ျမန္မာ-တ႐ုတ္ ႏွစ္နိုင္ငံ နယ္စပ္စည္းမ်ဥ္းမ်ားတြင္ ၿခံစည္း႐ိုးမ်ားကာရံမႈေနာက္ကြယ္တြင္ မည္သည့္ အေၾကာင္းအရာမ်ားရွိေနသည္ကို ေျပာရခက္ေန

ျမန္မာ-တ႐ုတ္ ႏွစ္နိုင္ငံ နယ္စပ္စည္းမ်ဥ္းမ်ားတြင္ ၿခံစည္း႐ိုးမ်ားကာရံမႈေနာက္ကြယ္တြင္ မည္သည့္ အေၾကာင္းအရာမ်ားရွိေနသည္ကို ေျပာရခက္ေန

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တ႐ုတ္နိုင္ငံသည္ ျမန္မာႏွင့္ ေတာင္ပိုင္း မိုင္ ၁၃၀၀ ခန႔္နယ္စပ္တစ္ေလ်ာက္တြင္ တရားမဝင္ျဖတ္ေက်ာ္မႈမ်ား အား ကာကြယ္ရန္ ၆ ေပ မွ ၉ ေပအထိ အျမင့္ရွိေသာ သံဆူးႀကိဳးမ်ား ကာရံလ်က္ရွိသည္ဟု Radio Free Asia (RFA) က ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေဖာ္ျပခဲ့သည္။
 
ယင္းသို႔ ကာရံမႈသည္ တ႐ုတ္နိုင္ငံႏွင့္ ထိစပ္လ်က္ရွိသည္ နိုင္ငံမ်ားႏွင့္ ျမန္မာနိုင္ငံရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ႏွစ္နိုင္ငံနယ္စပ္မ်ဥ္းမ်ားပါ ယင္းသို႔ ကာရံမႈတြင္ပါဝင္လ်က္ရွိသည္။
 
“အဲ့ဒီေနရာေတြကိုေတာ့ သြားလို႔ေတာ့ မရေသးဘူး ခြင့္ျပဳခ်က္ရွိမွပဲ အဲ့ဒီေနရာေတြကို သြားလို႔ရေနတယ္” ဟု ရွမ္းျပည္ကိုးကန္႔ ဒီမိုကရက္တစ္ပါတီ အတြင္းေရးမွဴး ဦးျမင့္ခိုင္က ေျပာသည္။
 
အဆိုပါ ၿခံစည္း႐ိုးကာရံမႈသည္ ကိုဗစ္ျဖစ္ပြားမႈျမင့္တက္လာခ်ိန္တြင္ တရားမဝင္နယ္စပ္ ျဖတ္ေက်ာ္မႈမ်ားကို တားဆီးေစရန္ ရည္ရြယ္ကာ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း တ႐ုတ္မီဒီယာမ်ားတြင္ ေဖာ္ျပထားေသာ္လည္း ယင္းကိစၥ၏ ေနာက္ကြယ္တြင္ မည္သည့္အေၾကာင္းအရာမ်ား ပါဝင္ပတ္သက္ေနသည္ကို ေျပာရခက္ေၾကာင္း ယင္းေဒ၏ နိုင္ငံေရးပါတီတစ္ခ်ိဳ႕က ဆိုသည္။
 
“သူတို႔ကေတာ့ လူအဝင္အထြက္ေတြတားဆီးဖို႔ေတာ့ ေျပာေနက်တာေတာ့ရွိတယ္။ လုံၿခဳံေရးအရဆိုၿပီးေတာ့ ခိုးဝင္တဲ့လမ္းေတြဘာေတြမရွိေအာင္လို႔ေတာ့ ေျပာၾကတာပါပဲ။ တကယ္တမ္း ရည္ရြယ္ခ်က္က ဘယ္လိုရွိ တယ္ဆိုတာက ေျပာလို႔ခက္ေနေသးတယ္” ဟု ရွမ္းျပည္ကိုးကန္႔ ဒီမိုကရက္တစ္ပါတီအတြင္းေရးမွဴး ဥိးျမင့္ခိုင္က ေျပာသည္။
 
တ႐ုတ္နိုင္ငံ၏ အဆိုပါ ၿခံစည္းရိုးကာရံမႈသည္ ေတာင္ပိုင္း မဟာတံတိုင္းဟု တင္စားေခၚေဝၚလ်က္ရွိသည္။
 
ျမန္မာ-တ႐ုတ္နယ္စပ္ၿမိဳ႕ျဖစ္သည့္ ျမန္မာနိုင္ငံပိုင္ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕ရွိ ႏွစ္နိုင္ငံနယ္စပ္မွတ္တိုင္(BP-125) (BP-126)(BP-127)အနီး၌ တ႐ုတ္နိုင္ငံသည္ လာေရာက္ၿခံခတ္မႈ ျပဳလုပ္ခဲ့ၿပီး ျမန္မာနိုင္ငံမွ ကန္႔ကြက္မႈ ျပဳလုပ္ခဲ့သည့္အတြက္ ရပ္ဆိုင္းထားရမႈရွိသည္ဟုလဲဆိုသည္။
 
#PeopleMedia
 
(unicode)
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းများတွင် ခြံစည်းရိုးများကာရံမှုနောက်ကွယ်တွင် မည်သည့် အကြောင်းအရာများရှိနေသည်ကို ပြောရခက်နေ
………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တရုတ်နိုင်ငံသည် မြန်မာနှင့် တောင်ပိုင်း မိုင် ၁၃၀၀ ခန့်နယ်စပ်တစ်လျောက်တွင် တရားမဝင်ဖြတ်ကျော်မှုများ အား ကာကွယ်ရန် ၆ ပေ မှ ၉ ပေအထိ အမြင့်ရှိသော သံဆူးကြိုးများ ကာရံလျက်ရှိသည်ဟု Radio Free Asia (RFA) က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဖော်ပြခဲ့သည်။
 
ယင်းသို့ ကာရံမှုသည် တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည် နိုင်ငံများနှင့် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နှစ်နိုင်ငံနယ်စပ်မျဉ်းများပါ ယင်းသို့ ကာရံမှုတွင်ပါဝင်လျက်ရှိသည်။
 
“အဲ့ဒီနေရာတွေကိုတော့ သွားလို့တော့ မရသေးဘူး ခွင့်ပြုချက်ရှိမှပဲ အဲ့ဒီနေရာတွေကို သွားလို့ရနေတယ်” ဟု ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောသည်။
 
အဆိုပါ ခြံစည်းရိုးကာရံမှုသည် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာချိန်တွင် တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများကို တားဆီးစေရန် ရည်ရွယ်ကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြထားသော်လည်း ယင်းကိစ္စ၏ နောက်ကွယ်တွင် မည်သည့်အကြောင်းအရာများ ပါဝင်ပတ်သက်နေသည်ကို ပြောရခက်ကြောင်း ယင်းဒေ၏ နိုင်ငံရေးပါတီတစ်ချို့က ဆိုသည်။
 
“သူတို့ကတော့ လူအဝင်အထွက်တွေတားဆီးဖို့တော့ ပြောနေကျတာတော့ရှိတယ်။ လုံခြုံရေးအရဆိုပြီးတော့ ခိုးဝင်တဲ့လမ်းတွေဘာတွေမရှိအောင်လို့တော့ ပြောကြတာပါပဲ။ တကယ်တမ်း ရည်ရွယ်ချက်က ဘယ်လိုရှိ တယ်ဆိုတာက ပြောလို့ခက်နေသေးတယ်” ဟု ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဥိးမြင့်ခိုင်က ပြောသည်။
 
တရုတ်နိုင်ငံ၏ အဆိုပါ ခြံစည်းရိုးကာရံမှုသည် တောင်ပိုင်း မဟာတံတိုင်းဟု တင်စားခေါ်ဝေါ်လျက်ရှိသည်။
 
မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် မြန်မာနိုင်ငံပိုင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ နှစ်နိုင်ငံနယ်စပ်မှတ်တိုင်(BP-125) (BP-126)(BP-127)အနီး၌ တရုတ်နိုင်ငံသည် လာရောက်ခြံခတ်မှု ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ကန့်ကွက်မှု ပြုလုပ်ခဲ့သည့်အတွက် ရပ်ဆိုင်းထားရမှုရှိသည်ဟုလဲဆိုသည်။
 
#PeopleMedia

Share this post