• Follow Us on

Home မြန်မာ-ထိုင်းနယ်စပ်မြို့တွင် ထိုင်းဘက်က ယာယီဆေးရုံဆောက်ရန်စီစဉ်နေ

မြန်မာ-ထိုင်းနယ်စပ်မြို့တွင် ထိုင်းဘက်က ယာယီဆေးရုံဆောက်ရန်စီစဉ်နေ

Share this post

မဲဆောက်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဒေသတွင်းဆေးရုံများအတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကိုကိုင်တွယ်ဖြေရှင်းရန် အခက်အခဲများနေပါက မဲဆောက်တွင် ယာယီဆေးရုံတခုဖွင့်လှစ်မည်ဟု အုပ်ချုပ်ရေးမှူး ပွန်ဂရက် ပီရွန်မတ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

မြန်မာနယ်စပ်တွင်ရှိသည့်တက်ခရိုင်သည် နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့်လမ်းကြောင်း တခုဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်စောင့်ကြည့်မှုများကိုရှောင်ရှားရန် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများရှိနေပြီး ခရိုင်အတွင်းကူးစက်မှုများမြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာများကိုကုသရန် ထောက်ပို့နှင့်ရင်းမြစ်စီမံခန့်ခွဲမှုအစီအစဉ်များပြင်ဆင်ထားကြောင်း အုပ်ချုပ်ရေးမှူးကပြောသည်။

မဲဆောက်ဆေးရုံကဝန်ဆောင်မှုပေးနိုင်သည်ထက်များနေပါက ဖွန်ဖရာနှင့် မယ်ရာမတ်ရှိဆေးရုံများသို့ပို့ဆောင်မည်ဖြစ်ပြီး ထိုဆေးရုံများတွင်ပါလူပြည့်လာပါက မဲဆောက်ဆေးရုံတွင် ကုတင် ၂၀၀ ထပ်တိုးမည်ဟုလည်း အသိပေးသည်။

ထိုပမာဏထက်များလာပါက ယာယီဆေးရုံတည်ဆောက်မည်ဖြစ်ပြီး နေရာရှာတွေ့ထားကာ ဆောက်လုပ်ရေးချက်ချင်း စတင်နိုင်ကြောင်းလည်း ပြောသည်။

မြဝတီမြို့ရှိကာဆီနိုရုံမှပြန်လာသောထိုင်းနိုင်ငံသား ၅၁ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရှိပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အယောက် ၂၀၀ လည်း ပြန်လာရန်စောင့်ဆိုင်းနေသည်။

Ref : Mae Sot mulls field hospital as border crossings rise

#PeopleMedia

(unicode)
…………………………………………










Ref : Mae Sot mulls field hospital as border crossings rise

#PeopleMedia


Share this post