• Follow Us on

Home ျမန္မာ-ထိုင္းနယ္စပ္႐ွိခ႐ိုင္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေဘးကင္းၿပီဟု အာဏာပိုင္မ်ားအာမခံ

ျမန္မာ-ထိုင္းနယ္စပ္႐ွိခ႐ိုင္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေဘးကင္းၿပီဟု အာဏာပိုင္မ်ားအာမခံ

Share this post

ခ်င္းမိုင္၊ ဒီဇင္ဘာ ၁၅

ထိုင္းေျမာက္ပိုင္း႐ွိခ်င္း႐ိုင္ခ႐ိုင္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိုထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း ခ်င္း႐ိုင္အာဏာပိုင္မ်ားက တနလၤာေန႔တြင္ ထိုင္းတႏိုင္ငံလံုးကို အာမခံသည္။

ၿပီးခဲ့သည့္လတြင္ ထိုင္းသို႔ျမန္မာႏိုင္ငံမွတရားမ၀င္ျပန္လာသူမ်ားထံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ေတြ႕ခဲ့ရၿပီးေနာက္ အာဏာပိုင္မ်ားက ကူးစက္မႈမ်ားျဖစ္မည္ကိုစိုးရိမ္ခဲ့သည္။

ေဒသခံမ်ားကလည္း ႏိုင္ငံအတြင္းကူးစက္ပ်ံ႕ႏွံ႔မႈမ်ားျဖစ္မည္စိုးရိမ္ခဲ့ေသာ္လည္း ခ႐ိုင္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဝိုရာ၀တ္ ခ်ိဳင္ဆာ၀တ္ကက ယခုလအေစာပိုင္းမွစ၍ခ႐ိုင္အတြင္း ျပည္တြင္းကူးစက္မႈမ်ားမ႐ွိေတာ့ ေၾကာင္းအသိေပးသည္။

လက္႐ွိကူးစက္အတည္ျပဳလူနာမ်ားမွာ ျမန္မာႏိုင္ငံမွတရား၀င္ျပန္လာၿပီး အသြားအလာကန္႔သတ္ေစာင့္ၾကည့္ မႈခံယူေနသူမ်ားသာျဖစ္ေၾကာင္းလည္းေျပာသည္။

တနလၤာေန႔တြင္ ခ်င္း႐ိုင္႐ွိအသြားအလာကန္႔သတ္ေစာင့္ၾကည့္ေရးစင္တာမ်ားမွ တာခ်ီလိတ္မွျပန္လာသူအ တည္ျပဳလူနာ ၆ ေယာက္ထပ္တိုးၿပီး အဂၤါေန႔တြင္ အတည္ျပဳလူနာမ်ားထပ္မေတြ႕ခဲ့ေခ်။

အဂၤါေန႔တြင္ အတည္ျပဳလူနာ ၉ ေယာက္ထပ္တိုးၿပီး ထိုသူအားလံုးမွာ အေနာက္ႏိုင္ငံမ်ားမွျပန္လာသူမ်ား ျဖစ္သည္။ ထိုင္းတြင္အတည္ျပဳလူနာ ၄၂၄၆ ေယာက္႐ွိၿပီး ၃၉၄၉ ေယာက္ေဆး႐ံုးမွဆင္းကာ ၂၃၇ ေယာက္ကုသမႈခံယူေနသည္။ ေသဆံုးသူ ၆၀ ႐ွိေနသည္။

Ref : Chiang Rai assures it is safe to visit

#PeopleMedia
မြန်မာ-ထိုင်းနယ်စပ်ရှိခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဘေးကင်းပြီဟု အာဏာပိုင်များအာမခံ
…………………………………………………….

ချင်းမိုင်၊ ဒီဇင်ဘာ ၁၅

ထိုင်းမြောက်ပိုင်းရှိချင်းရိုင်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းရိုင်အာဏာပိုင်များက တနင်္လာနေ့တွင် ထိုင်းတနိုင်ငံလုံးကို အာမခံသည်။

ပြီးခဲ့သည့်လတွင် ထိုင်းသို့မြန်မာနိုင်ငံမှတရားမဝင်ပြန်လာသူများထံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ခဲ့ရပြီးနောက် အာဏာပိုင်များက ကူးစက်မှုများဖြစ်မည်ကိုစိုးရိမ်ခဲ့သည်။

ဒေသခံများကလည်း နိုင်ငံအတွင်းကူးစက်ပျံ့နှံ့မှုများဖြစ်မည်စိုးရိမ်ခဲ့သော်လည်း ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဝိုရာဝတ် ချိုင်ဆာဝတ်ကက ယခုလအစောပိုင်းမှစ၍ခရိုင်အတွင်း ပြည်တွင်းကူးစက်မှုများမရှိတော့ ကြောင်းအသိပေးသည်။

လက်ရှိကူးစက်အတည်ပြုလူနာများမှာ မြန်မာနိုင်ငံမှတရားဝင်ပြန်လာပြီး အသွားအလာကန့်သတ်စောင့်ကြည့် မှုခံယူနေသူများသာဖြစ်ကြောင်းလည်းပြောသည်။

တနင်္လာနေ့တွင် ချင်းရိုင်ရှိအသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများမှ တာချီလိတ်မှပြန်လာသူအ တည်ပြုလူနာ ၆ ယောက်ထပ်တိုးပြီး အင်္ဂါနေ့တွင် အတည်ပြုလူနာများထပ်မတွေ့ခဲ့ချေ။

အင်္ဂါနေ့တွင် အတည်ပြုလူနာ ၉ ယောက်ထပ်တိုးပြီး ထိုသူအားလုံးမှာ အနောက်နိုင်ငံများမှပြန်လာသူများ ဖြစ်သည်။ ထိုင်းတွင်အတည်ပြုလူနာ ၄၂၄၆ ယောက်ရှိပြီး ၃၉၄၉ ယောက်ဆေးရုံးမှဆင်းကာ ၂၃၇ ယောက်ကုသမှုခံယူနေသည်။ သေဆုံးသူ ၆၀ ရှိနေသည်။

Ref : Chiang Rai assures it is safe to visit

#PeopleMedia


Share this post