• Follow Us on

Home မြန်မာ – ဘင်္ဂလားနယ်စပ်ခြံစည်းရိုးအနီး၌ ကျပ်သိန်းပေါင်း ၁၇၀၀ ခန့်တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိ

မြန်မာ – ဘင်္ဂလားနယ်စပ်ခြံစည်းရိုးအနီး၌ ကျပ်သိန်းပေါင်း ၁၇၀၀ ခန့်တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

မြန်မာ – ဘင်္ဂလားနယ်စပ်ခြံစည်းရိုးအနီး၌ ကျပ်သိန်းပေါင်း ၁၇၀၀ ခန့် တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း၌ လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂ ရက် ည ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် သတင်းအရ နယ်စပ်ခြံစည်းရိုး ကင်းပတ်လမ်းအတိုင်း မြောက်မှတောင်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ်လူသုံးဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ ၎င်းတို့နှင့် အတူပါလာသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်တစ်ထုပ်အား ပစ်ချထွက် ပြေး သွားခဲ့သည်။

အဆိုပါ ကြွပ်ကြွပ်အိတ်အား စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၅ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၇ဝဝ) အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့များက မောင်းတောမြို့နယ် မူးယစ်ဆေးဝါး များအား ငါးခူရနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့သည်။


Share this post