• Follow Us on

Home မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မည့် ငွေကျပ် (၁) ဒသမ (၃) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ မင်္ဂလာဒုံနှင့် ဒဂုံမြို့မြောက်ပိုင်း ဖမ်းဆီးရမိ 

မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မည့် ငွေကျပ် (၁) ဒသမ (၃) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ မင်္ဂလာဒုံနှင့် ဒဂုံမြို့မြောက်ပိုင်း ဖမ်းဆီးရမိ 

Share this post

နေပြည်တော်၊ မတ် ၈

 

မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မည့် ငွေကျပ် (၁) ဒသမ (၃) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့သည် မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင် သက်နိုင်(၅၈)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း(၂/ခ)ရပ်ကွက်၊ ဘူတာလမ်းတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်လွင်(၅၄)နှစ်အား Beijing မော်တော် ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ယင်းနေ့ ညနေ ၃ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်၊ ရွှေစင် (၁)လမ်း၊ အိမ် အမှတ်(၄၄/၂၂၃)၊ A-1 မြေညီထပ်ရှိ ကျော်လွင် ၏ တိုက်ခန်းအား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၂ သိန်း နှင့် ဘိန်းဖြူဘလောက်တုံး ၇၆ တုံး၊ အလေးချိန် ၂၅ ဒသမ ၈၄ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၄ ဒသမ ၄ သိန်း၊ ဘိန်းဖြူ ၂၅ ဒသမ ၈၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိရသည်။

 

စစ်ဆေးဖော်ထုတ် ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန် တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ် ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post