• Follow Us on

Home ျမန္မာ-အိႏၵိယနယ္စပ္ ဝင္ထြက္ေပါက္ တမူးဂိတ္မ်ား၌ ဝူဟန္ကို႐ိုနာ ဗိုင္းရပ္စ္စစ္ေဆးမႈကို ေဖေဖာ္ဝါရီလကုန္ အထိ ျပဳလုပ္မည္

ျမန္မာ-အိႏၵိယနယ္စပ္ ဝင္ထြက္ေပါက္ တမူးဂိတ္မ်ား၌ ဝူဟန္ကို႐ိုနာ ဗိုင္းရပ္စ္စစ္ေဆးမႈကို ေဖေဖာ္ဝါရီလကုန္ အထိ ျပဳလုပ္မည္

Share this post

ကေလး၊ ဇန္နဝါရီ – ၂၈

စစ္ကိုင္းတိုင္းေဒသႀကီး ျမန္မာ-အိႏၵိယနယ္စပ္ ဝင္ထြက္ေပါက္ တမူးဂိတ္မ်ား၌ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆး မႈကို ေဖေဖၚဝါရီလကုန္အထိ ျပဳလုပ္မည္ျဖစ္ေၾကာင္း တမူးၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ႏိုင္ဦးကေျပာသည္။

ျမန္မာ-အိႏၵိယနယ္စပ္ ဝင္ထြက္ေပါက္ တမူးၿမိဳ႕တြင္ အမွတ္ ၁ ဂိတ္ႏွင့္ နန္းဖာလုံးေစ်းအမွတ္ ၂ ဂိတ္ ဂိတ္ ၂ ခုရွိၿပီး ဇန္နဝါရီ ၂၇ ရက္ေန႔မွစတင္၍ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမႈမ်ားျပဳလုပ္ေနျခင္းျဖစ္သည္။

“မေန႔ကစၿပီး စစ္ေဆးမႈေတြလုပ္ေနတာပါ။ ႏိုင္ငံတကာဝင္ထြက္ေပါက္ေတြကို က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ တာပါ။ ကြၽန္ေတာ္တို႔ တမူးကလဲ အိႏၵိယ-ျမန္မာနယ္စပ္ဆိုေတာ့ က်န္းမာေရးစစ္ေဆးမႈကို ႀကိဳတင္လုပ္တဲ့ သေဘာပါ။ အိႏၵိယဘက္ကေန ႏိုင္ငံတကာက ဝင္လာတဲ့ခရီးသည္ေတြကို အဖ်ားရွိမရွိ စမ္းသပ္တာေပါ႔။ အၾကမ္းဖ်င္းအားေတာ့ ေဖေဖာ္ဝါရီတစ္လလုံးလုပ္မယ္လို႔ေတာ့ လ်ာထားတယ္”ဟု ဦးျမင့္ႏိုင္ဦးကေျပာသည္။

ျမန္မာ-အိႏၵိယနယ္စပ္ ဝင္ထြက္ေပါက္ တမူးဂိတ္မ်ား၌ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမႈျပဳလုပ္ရာတြင္ အဖ်ားရွိ ပါက ျပန္လႊတ္မည္ျဖစ္ၿပီး အဖ်ားမရွိပါက ဝင္ခြင့္ေပးမည္ျဖစ္ေၾကာင္းသိရသည္။

“အဖ်ားရွိရင္ေတာ့ ျပန္လႊတ္မွာပါ။ အဖ်ားမရွိရင္ေတာ့ ဒီတိုင္းပဲဝင္ခြင့္ေပးတယ္။ အဖ်ား ၃၈ ဒီဂရီအထက္ လူ ေတြ ျဖတ္မျဖတ္ ေစာင့္ၾကပ္ေနပါတယ္။ တမူးခ႐ိုင္က်န္းမာေရးဌာနဦးစီးမွဴးဦးေဆာင္ၿပီး ဝန္ထမ္းေတြနဲ႔ ေဆာင္ ရြက္ေနတာပါ။ စစ္ေဆးမႈေတြျပဳလုပ္ေနတဲ့ ဝန္ထမ္းေတြ PPE ဝတ္စုံနဲ႔ N95 Mask ေတြ ရွိၿပီးသားပါ။ တခါ တည္းကာကြယ္ထားပါတယ္။ စစ္ေဆးမႈျပဳလုပ္ေနတဲ့ဆီကို ကြၽန္ေတာ္ကိုယ္တိုင္လဲသြားၾကည့္တယ္။ မေန႔က ေန႔လည္ပိုင္းအထိရွိေနတယ္။ အဲ့အခ်ိန္ထိေတာ့ ဘာမွထူးျခားတာမရွိေသးပါဘူး”ဟု ၎ကေျပာသည္။

ျမန္မာ-အိႏၵိယနယ္စပ္ ဝင္ထြက္ေပါက္ တမူးဂိတ္မ်ား၌ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမႈကို ေန႔စဥ္ ၈ နာရီမွ ညေန ၅ နာရီအထိ ျပဳလုပ္ေနေၾကာင္း သိရသည္။

သူရိယထက္

ဓာတ္ပုံ – ဦးျမင့္ႏိုင္ဦး

#Peoplemedia

(Unicode)
မြန်မာ-အိန္ဒိယနယ်စပ် ဝင်ထွက်ပေါက် တမူးဂိတ်များ၌ ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးမှုကို ဖေဖော်ဝါရီလကုန် အထိ ပြုလုပ်မည်
………………………………………………………

ကလေး၊ ဇန်နဝါရီ – ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယနယ်စပ် ဝင်ထွက်ပေါက် တမူးဂိတ်များ၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး မှုကို ဖေဖေါ်ဝါရီလကုန်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ် ဝင်ထွက်ပေါက် တမူးမြို့တွင် အမှတ် ၁ ဂိတ်နှင့် နန်းဖာလုံးဈေးအမှတ် ၂ ဂိတ် ဂိတ် ၂ ခုရှိပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။

“မနေ့ကစပြီး စစ်ဆေးမှုတွေလုပ်နေတာပါ။ နိုင်ငံတကာဝင်ထွက်ပေါက်တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ် တာပါ။ ကျွန်တော်တို့ တမူးကလဲ အိန္ဒိယ-မြန်မာနယ်စပ်ဆိုတော့ ကျန်းမာရေးစစ်ဆေးမှုကို ကြိုတင်လုပ်တဲ့ သဘောပါ။ အိန္ဒိယဘက်ကနေ နိုင်ငံတကာက ဝင်လာတဲ့ခရီးသည်တွေကို အဖျားရှိမရှိ စမ်းသပ်တာပေါ့။ အကြမ်းဖျင်းအားတော့ ဖေဖော်ဝါရီတစ်လလုံးလုပ်မယ်လို့တော့ လျာထားတယ်”ဟု ဦးမြင့်နိုင်ဦးကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ် ဝင်ထွက်ပေါက် တမူးဂိတ်များ၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပြုလုပ်ရာတွင် အဖျားရှိ ပါက ပြန်လွှတ်မည်ဖြစ်ပြီး အဖျားမရှိပါက ဝင်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

“အဖျားရှိရင်တော့ ပြန်လွှတ်မှာပါ။ အဖျားမရှိရင်တော့ ဒီတိုင်းပဲဝင်ခွင့်ပေးတယ်။ အဖျား ၃၈ ဒီဂရီအထက် လူ တွေ ဖြတ်မဖြတ် စောင့်ကြပ်နေပါတယ်။ တမူးခရိုင်ကျန်းမာရေးဌာနဦးစီးမှူးဦးဆောင်ပြီး ဝန်ထမ်းတွေနဲ့ ဆောင် ရွက်နေတာပါ။ စစ်ဆေးမှုတွေပြုလုပ်နေတဲ့ ဝန်ထမ်းတွေ PPE ဝတ်စုံနဲ့ N95 Mask တွေ ရှိပြီးသားပါ။ တခါ တည်းကာကွယ်ထားပါတယ်။ စစ်ဆေးမှုပြုလုပ်နေတဲ့ဆီကို ကျွန်တော်ကိုယ်တိုင်လဲသွားကြည့်တယ်။ မနေ့က နေ့လည်ပိုင်းအထိရှိနေတယ်။ အဲ့အချိန်ထိတော့ ဘာမှထူးခြားတာမရှိသေးပါဘူး”ဟု ၎င်းကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ် ဝင်ထွက်ပေါက် တမူးဂိတ်များ၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို နေ့စဉ် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်နေကြောင်း သိရသည်။

သူရိယထက်

ဓာတ်ပုံ – ဦးမြင့်နိုင်ဦး

#Peoplemedia


Share this post