• Follow Us on

Home မြန်မာ-အိန္ဒိယ နယ်စပ်၊ အိန္ဒိယပိုင်နက်အတွင်း၌ စခန်းချ နေထိုင်သည့် လက်နက်ကိုင်စခန်းတခုကို အာသံရိုင် ဖယ်တပ်က ရှင်းလင်း

မြန်မာ-အိန္ဒိယ နယ်စပ်၊ အိန္ဒိယပိုင်နက်အတွင်း၌ စခန်းချ နေထိုင်သည့် လက်နက်ကိုင်စခန်းတခုကို အာသံရိုင် ဖယ်တပ်က ရှင်းလင်း

Share this post

တမူး၊ ဇန်နဝါရီ ၁၈ (People Media)

 

မြန်မာ-အိန္ဒိယ နယ်စပ်၌ အခြေပြု စခန်းချနေထိုင်သည့် လက်နက်ကိုင်အဖွဲ့၏ စခန်းတစ်ခုကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အာသံရိုင်ဖယ်တပ်က ရှင်းလင်းသိမ်းပိုက်လိုက်ကြောင်း ဒေသခံမီဒီယာများက ဇန်နဝါရီ ၁၇ ရက်နေ့၌ ရေးသားဖော်ပြကြသည်။

 

“မဏိပူရ်ပြည်နယ်၊ နော်ရီခရိုင်၊ မြန်မာ-အိန္ဒိယနယ်စပ်မှာ အခြေပြုနေတဲ့ လက်နက်ကိုင်စခန်းတစ်ခုကို အာသံ တပ်က သိမ်းပိုက်လိုက်တာပါ။ သိမ်းပိုက်ခံလိုက်ရတဲ့ အကြမ်းဖက်အဖွဲ့ရဲ့ အဖွဲ့အမည်ကို ထုတ်ဖော်ပြောဆို တာမရှိပေမယ့် M -16 သေနတ် ၁ လက်၊ 9mm ပစ္စတိုသေနတ် ၁ လက်အပါအဝင် ခဲယမ်းတွေနဲ့ ဆက်စပ် ပစ္စည်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့တာ” လို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်အရေးကို လေ့လာသူ ဦးဂျမားက ပြောသည်။

 

၂၀၂၁ နှစ်ကုန်ပိုင်းကစလို့ မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယနိုင်ငံဘက်၌ လှုပ်ရှားနေထိုင်နေသည့် လက်နက်ကိုင် အဖွဲ့၏ စခန်းအချို့ကို အိန္ဒိယအစိုးရက ရှင်းလင်းနိုင်ခဲ့သည်။

 

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ဒေသခံ တမူး PDF အဖွဲ့သည် တမူးမြို့နယ်၊ ကန်ဘောင်အုတ်ဖို အကျဉ်းဦးစီး ဌာနကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းဖြစ်သူနှင့် အမျိုးသမီးတို့ သေဆုံးခဲ့သလို PDF အဖွဲ့ဝင်အချို့လည်း သေဆုံးခဲ့သည်။

 

#PeopleMedia #တမူးမြို့ #တမူးPDF

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post