• Follow Us on
Latest News

Home ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရး အရွိန္အဟုန္ျမႇင့္တင္ႏုိင္ရန္ ႏွစ္ႏုိင္ငံ အစုိးရအဖြဲ႕ ဝန္ႀကီးမ်ားေဆြးေႏြး

ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရး အရွိန္အဟုန္ျမႇင့္တင္ႏုိင္ရန္ ႏွစ္ႏုိင္ငံ အစုိးရအဖြဲ႕ ဝန္ႀကီးမ်ားေဆြးေႏြး

Share this post

ရန္ကုန္၊ နိုဝင္ဘာ – ၂၅

ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရး အရွိန္အဟုန္ျမႇင့္တင္ႏုိင္ရန္ ႏွစ္ႏုိင္ငံ အစုိးရအဖြဲ႕ ဝန္ႀကီးမ်ားေဆြးေႏြးခဲ့ၾကသည္။

ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံ ကုန္သြယ္ေရးပူးတြဲေကာ္မတီအစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ ႏွင့္ အိႏၵိယနိုင္ငံ ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ဝန္ႀကီး H.E. Mr. Piyush Goyal တုိ႔ ေဆြးေႏြးခဲ့ သည္။

ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံ ကုန္သြယ္ေရးပူးတြဲေကာ္မတီအစည္းအေဝးက်င္းပျခင္းအားျဖင့္ မိမိတို႔ႏွစ္နိုင္ငံအၾကား ကုန္သြယ္မႈ၊ ရင္းႏွီးျမႇုပ္ႏွံမႈ၊ စိုက္ပ်ိဳးေမြးျမဴေရး၊ အထည္အလိပ္၊ ပို႔ေဆာင္ဆက္သြယ္ေရး၊ ဘဏ္လုပ္ငန္းက႑ မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ အရွိန္အဟုန္ျဖင့္ပိုမိုတိုးတက္လာလိမ့္မည္ဟု မိမိအေနျဖင့္ ယုံၾကည္ပါ ေၾကာင္း၊ လက္ရွိျဖစ္ေပၚေနေသာ Covid-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ ကမာၻတစ္ဝွမ္းလုံးတြင္ စီးပြားေရး အၾကပ္အတည္းမ်ားႀကဳံေတြ႕လ်က္ရွိရာ မိမိတို႔ႏွစ္နိုင္ငံအၾကား ယခုကဲ့သို႔ပူးေပါင္းေဆာင္႐ြက္မႈမ်ားမွတစ္ဆင့္ အခက္အခဲမ်ားကို အတူလက္တြဲ၍ ရင္ဆိုင္ေက်ာ္လႊားသြားနိုင္မည္ဟု ယုံၾကည္ပါေၾကာင္းစသည္ျဖင့္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာဆုိခဲ့သည္။

ထို႔ေနာက္ အိႏၵိယနိုင္ငံ ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ဝန္ႀကီး H.E. Mr. Piyush Goyal က ေျပာၾကားရာတြင္ ႏွစ္နိုင္ငံပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရး အရွိန္အဟုန္ျမႇင့္တင္ရန္အတြက္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ ျမန္မာႏွင့္အိႏၵိယ ႏွစ္နိုင္ငံကုန္သြယ္မႈ တိုး တက္ေစေရးအတြက္ MYANTRADE ႏွင့္ India Trade Promotion Organization (ITPO)တို႔အၾကား နီးကပ္စြာပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အိႏၵိယနိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံတြင္ က႑ေပါင္းစုံ၌ ရင္းႏွီးျမႇုပ္ႏွံလ်က္ရွိပါေၾကာင္း၊ ျမန္မာနိုင္ငံ၏ အေျခခံအေဆာက္အဦ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လမ္း/တံတား စီမံကိန္း မ်ားကို ဆက္လက္ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ျမန္မာနိုင္ငံဖြံ႕ၿဖိဳးတိုးတက္ၿပီး ေရရွည္ တည္တံ့ခိုင္ၿမဲေရးအတြက္ အိမ္နီးခ်င္းေကာင္းပီသစြာျဖင့္ နည္းပညာဆိုင္ရာ အကူအညီအေထာက္အပံ့မ်ားကို ဆက္လက္ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ကုန္သြယ္မႈ၊ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားတြင္သာမက အျခားက႑မ်ား တြင္လည္း ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားျခင္းအားျဖင့္ ႏွစ္နိုင္ငံအၾကား ကုန္သြယ္မႈမ်ား တိုးတက္လာ မည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

#PeopleMedia #ဦးသန္းျမင့္ #ျမန္မာႏုိင္ငံဆုိင္ရာအိႏၵိယသံရုံး

(unicode)
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးများဆွေးနွေး
………………………………………………………..

ရန်ကုန်၊ နိုဝင်ဘာ – ၂၅

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးများဆွေးနွေးခဲ့ကြသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Piyush Goyal တို့ ဆွေးနွေးခဲ့ သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကျင်းပခြင်းအားဖြင့် မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ အထည်အလိပ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများသည် အရှိန်အဟုန်ဖြင့်ပိုမိုတိုးတက်လာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် စီးပွားရေး အကြပ်အတည်းများကြုံတွေ့လျက်ရှိရာ မိမိတို့နှစ်နိုင်ငံအကြား ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အခက်အခဲများကို အတူလက်တွဲ၍ ရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောဆိုခဲ့သည်။

ထို့နောက် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Piyush Goyal က ပြောကြားရာတွင် နှစ်နိုင်ငံပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန်မြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု တိုး တက်စေရေးအတွက် MYANTRADE နှင့် India Trade Promotion Organization (ITPO)တို့အကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား စီမံကိန်း များကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အိမ်နီးချင်းကောင်းပီသစွာဖြင့် နည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများတွင်သာမက အခြားကဏ္ဍများ တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားခြင်းအားဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်လာ မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

#PeopleMedia #ဦးသန်းမြင့် #မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး


Share this post