• Follow Us on

Home မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံရ

မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံရ

Share this post

ဧရာဝတီ၊ ဒီဇင်ဘာ ၁၃ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ အခြေခံပညာအထက်တန်းသည် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မီးရှို့ဖျက်ဆီးခံရ၍ ကျောင်းရှိ အဆောက်အဦးအချို့နှင့် စာသင်ခုံများ မီးလောင်ပျက်စီးခဲ့ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

“အောင်သပြေခန်းမ မီးလောင်တာ မျက်နှာကျက်လောင်သွားတယ်။ စာသင်ခုံတွေ လောင်သွားတယ်” လို့ ဒေသခံအချို့က ပြောပါတယ်။

 

အလားတူ မြန်အောင်မြို့နယ်၌ စာသင်ကျောင်းအချို့ မီးလောင်ဖျက်ဆီးခံရမှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

ထို့အတူ တိုင်းဒေသကြီး ပြည်နယ်များရှိ စာသင်ကျောင်းအချို့သည် မီးလောင်ဖျက်ဆီးခြင်းခံနေသလို အချို့ အဖွဲ့အစည်းများသည် ကျောင်းမတက်ရေးလှုပ်ရှားမှုများလည်း ဆောင်ရွက်လျက် ရှိနေပါတယ်။

 

Photo – Credit

 

#PeopleMedia #မြန်အောင်

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post