• Follow Us on

Home မြဝတီမြို့နယ်၌ နေရပ်စွန့်ခွာမိသားစုများကို လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း ICRC ထုတ်ပြန်

မြဝတီမြို့နယ်၌ နေရပ်စွန့်ခွာမိသားစုများကို လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း ICRC ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅ (People Media)

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ကတည်းကစတင်ခဲ့ပြီး ဆက်လက်ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများကြောင့် မိမိတို့နေအိမ်များကို စွန့်ခွာရှောင်ပြေးခဲ့ရသည့် ကရင်ပြည်နယ် မြဝတီမြို့နယ်၌ ရာနှင့်ချီသော မိသားစုများကို လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း International Committee of the Red Cross Myanmar ထုတ်ပြန်ထားသည်။

 

“ဒီခရီးစဉ်က ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဉ်ပါ၊ အခုဆို မြေပြင်မှာလိုအပ်နေတဲ့ အရေးတကြီးလိုအပ်ချက်တွေ ကိုလည်း သိရှိခဲ့ရပါတယ်။ အထောက်အပံ့အချို့ကိုပေးဝေနေတုန်းမှာပဲ အစားအစာကအစ နေအိမ်နဲ့ သန့်ရှင်း ရေးပစ္စည်းတွေအထိ ထောက်ပံ့ပေးဖို့တွေ၊ လက်ရှိအခြေအနေများကြောင့် ဒီတကြိမ်မှာသွားရောက်နိုင်ခဲ့ခြင်း မရှိတဲ့ ဒေသတွေ အပါအဝင်နဲ့ အခြား လိုအပ်နေချက်တွေကို ကူညီသွားဖို့လည်းလိုအပ်နေပါသေးတယ်။ ဒီတကြိမ်မှာ ကူညီမပေးနိုင်ခဲ့တဲ့ မိသားစုတွေအတွက် နောက်ထပ်အထောက်အပံ့တွေနဲ့အတူ ထပ်မံသွား ရောက်ချင်ပါတယ်”လို့ ထိုဒေသသို့သွားရောက်ခဲ့သည့် အိုင်စီအာရ်စီအဖွဲ့ကို ဦးဆောင်ခဲ့သည့် Maxime Zabaloueff က ပြောသည်။

 

ကျွန်ုပ်တို့၏ ထိုဒေသသို့သွားရောက်ခဲ့သည့် ပထမဆုံးခရီးစဉ်တွင် နေရပ်စွန့်ခွာသူများအတွက် စောင်များ၊ ဖျာများ၊ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ရေစစ်အိုးများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်းထားစသည့် အရေး ပေါ်ပစ္စည်းများအား မယ်ထော်သလေး နှင့် အင်ကြင်းမြိုင်ရွာများမှ နေရပ်စွန့်မိသားစုထံသို့ ပေးဝေခဲ့ပြီး၊ အချို့ကို လိုအပ်ချိန်တွင် အမြန်ဆုံးကူညီဆောင်ရွက်ရာတွင် အရေးပေါ်အထောက်အပံ့များအဖြစ် အသုံးပြုနိုင်ရန် ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 

ထိုဒေသတွင် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီး၊ အခြေအနေများမှာ တည်ငြိမ်မှုမရှိဘဲ တင်းမာလျက်ရှိ ကြောင်း၊ ထောင်ပေါင်းများစွာမှာ မိမိတို့နေအိမ်များကိုစွန့်ခွာခဲ့ရပြီး လုံခြုံသောနေရာများကို ရှာဖွေလျက်ရှိ ကြောင်း၊ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ICRC

 

(unicode)


…………………………………………………………………..

 


 


 


 


 


 

#PeopleMedia #ICRC


Share this post