• Follow Us on

Home မြဝတီမြို့မှ ရန်ကုန်မြို့သို့ ပစ္စတို သေနတ် ၂ လက်နှင့် ကျည်ကဒ်များကို ပါဆယ်ထုတ်ပိုး၍ ကားဖြင့် တင်ပို့ခဲ့သူ ၃ ဦး ဖမ်းဆီးခံရ

မြဝတီမြို့မှ ရန်ကုန်မြို့သို့ ပစ္စတို သေနတ် ၂ လက်နှင့် ကျည်ကဒ်များကို ပါဆယ်ထုတ်ပိုး၍ ကားဖြင့် တင်ပို့ခဲ့သူ ၃ ဦး ဖမ်းဆီးခံရ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)

 

မြဝတီမြို့မှ ရန်ကုန်မြို့သို့ ပစ္စတို သေနတ် ၂ လက်နှင့် ကျည်ကဒ်များကို ပါဆယ်ထုတ်ပိုး၍ ကားဖြင့် တင်ပို့ခဲ့သူ ၃ ဦးသည် မနေ့က  ဖမ်းဆီးခံခဲ့ရပါတယ်။

 

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကားဂိတ်တစ်ခုမှ ရန်ကုန်မြို့သို့ ပို့ဆောင်မည် ပါဆယ်ထုတ်တစ်ထုတ်ကို တာဝန်ရှိ သူများက ဖွင့်ဖောက်စစ်ဆေးရာတွင် အသုံးအဆောင်ပစ္စည်းများနှင့် ရောနှောထုပ်ပိုးထားသည့် ပစ္စတို နှစ် လက်နှင့် ကျည်အိမ်များကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

 

ထိုကဲ့သို့ လက်နတ်များ ပါဆယ်ထုတ်ပိုး၍ ပို့ဆောင်ခဲ့သူများကို လုံခြုံရေးအဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ ယာဉ်လိုင်းများ၌ ပါဆယ်စနစ်ဖြင့် ပို့ဆောင်သည့် အထုပ်အပိုး များကို ဖွင့်ဖောက်စစ်ဆေးလျက်ရှိသလို ပါဆယ်ပို့ဆောင်သူ၏ ကိုယ်ရေးအချက်အလက်များကို တောင်းယူခြင်း များ ဆောင်ရွက်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #မြဝတီ #လက်နက်များဖမ်းမိ

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post