• Follow Us on

Home မြဝတီမြို့၊ ဖလူးဒေသရှိ DKBA ဗိုလ်စလုံးစခန်းကို လုံခြုံရေးအဖွဲ့များက သိမ်းပိုက်လိုက်ပြီ

မြဝတီမြို့၊ ဖလူးဒေသရှိ DKBA ဗိုလ်စလုံးစခန်းကို လုံခြုံရေးအဖွဲ့များက သိမ်းပိုက်လိုက်ပြီ

Share this post

မြဝတီ၊ ဇန်နဝါရီ ၁၅ (People Media)

 

ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဖလူးဒေသရှိ DKBA ခေါင်းဆောင် ဗိုလ်စလုံး၏ စခန်းကို လုံခြုံရေး ပူးပေါင်းအဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

အဆိုပါ စခန်းနေရာသည် စစ်ရေးအရ မဟာဗျုဟာအရ အရေးပါသော နေရာတစ်ခုဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှ ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအထိ နှစ်ဖက် တိုက်ခိုက်မှုများဖြစ်ပေါ်ပြီးနောက် လုံခြုံရေးအဖွဲ့များက DKBA ဗိုလ်စလုံးစခန်းကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

 

တိုက်ပွဲအတွင်း၌ တပ်မတော်က လေကြာင်းပစ်ကူများ တိုက်ခိုက်မှုကြောင့် DKBA အဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိမှုဖြစ်ပေါ် ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း၌ နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

 

မြဝတီမြို့၊ လေးကေ့ကော်ဒေသတိုက်ပွဲသည် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ KNU လက် အောက်ခံအဖွဲ့များနှင့် တပ်မတော်တို့သည် နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိနေသလို ဒေသခံများသည် ဘေးလွတ်ရာဖြစ်သည့် ထိုင်းနိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိသည်။

 

Photo – DKBA စခန်းမှ သိမ်းပိုက်ရရှိသော စစ်လက်နက်အချို့

 

#PeopleMedia #မြဝတီ #DKBA

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post