• Follow Us on

Home မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်အနီး၌ ယနေ့က တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်၊ နှစ်ဖက်တိုက်ပွဲများကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေ

မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်အနီး၌ ယနေ့က တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်၊ နှစ်ဖက်တိုက်ပွဲများကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေ

Share this post

မြဝတီ၊ ဒီဇင်ဘာ ၁၆ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ မြန်မာပိုင် လေးကေ့ကော်မြို့သစ်အနီး၌ ယနေ့က တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လျက်ရှိပြီး နှစ်ဖက်တိုက်ပွဲများကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ဖြစ် ပေါ်နေကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)ရက်နေ့က လေးကေ့ကော်မြို့သစ်၌ လာရောက်ခိုလှုံနေထိုင်နေသည့် NLD အမတ် ဟောင်းအချို့အပါအဝင် လူအချို့ကို တပ်မတော်မှ ဝင်ရောက်စစ်ဆေးဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ နေရာ၌ တပ်မတော်နှင့် ကရင့်လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်တိုက်ပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

 

ထိုကဲ့သို့ ဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် ဒီဇင်ဘာ(၁၅)ရက်နှင့် ယနေ့ နံနက်ပိုင်း၌ နှစ်ဖက်တိုက်ပွဲများ ဖြစ် ပေါ်လာခဲ့ပြီး အဆိုပါနေရာ၌ နေထိုင်သူတိုင်းရင်းသားများလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

 

အဆိုပါ နှစ်ဖက်တိုက်ပွဲ၌ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်ခဲ့သလို နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနိုင် သော်လည်း ကျဆုံးမှုစာရင်းနှင့် ဒဏ်ရာရရှိသူစာရင်းကို အတည်ပြုနိုင်ရန် ကရင့်လက်နက်ကိုင်အဖွဲ့များက လည်း ပြောဆိုခြင်းမရှိခဲ့သလို တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်မှုမရှိသေးပါ။

 

လက်ရှိအချိန်ထိ လေးကေ့ကော်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အပေါ် တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

 

Photo – CJ

 

#PeopleMedia #Peace #KNU

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

Photo – CJ

 

#PeopleMedia #Peace #KNU


Share this post