• Follow Us on

Home မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်တိုက်ပွဲနှင့် ဆက်စပ်သည့် တိုက်ပွဲများ၌ လုံခြုံရေးအဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရ

မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်တိုက်ပွဲနှင့် ဆက်စပ်သည့် တိုက်ပွဲများ၌ လုံခြုံရေးအဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရ

Share this post

မြဝတီ၊ ဒီဇင်ဘာ ၁၇ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့သစ်တိုက်ပွဲနှင့် ဆက်စပ်သည့် တိုက်ပွဲများ၌ လုံခြုံရေးအဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Public Voice Television က ယနေ့ နံနက်ပိုင်း၌ သတင်းထုတ်ပြန်မှုအရ သိရသည်။

 

ဒီဇင်ဘာ ၁၆ ရက်နေ့က လုံခြုံရေးအဖွဲ့များနှင့် KNLA/PDF ပူးပေါင်းအဖွဲ့တို့သည် လေးကေ့ကော်၊ မဲထော်သ လေး၊ ပရိကလောတိုက်ပွဲများ၌ လုံခြုံရေးအဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

Public Voice Television ၏ သတင်းထုတ်ပြန်ချက်အရ တပ်မတော်မှ တပ်မတော်သား(၆)ဦးနှင့် BGF အဖွဲ့ဝင် (၂) နှစ်ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံခဲ့ရသည်။

 

လက်ရှိအချိန်၌ တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသလို သတင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် သီးခြားသတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

 

ထို့အတူ ဖြစ်ပေါ်ခဲ့သည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရ သလို နှစ်ဖက်တင်းမာမှုများလည်း မြင့်တက်လျက်ရှိနေသည်။

 

ဒီဇင်ဘာ ၁၄ ရက်နေ့က လေးကေ့ကော်မြို့သစ်၌ လာရောက်ခိုလှုံနေသည့် NLD အမတ်ဟောင်းများနှင့် လူ ပုဂ္ဂိုလ်များကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးဖမ်းဆီးပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ သည်။

 

Photo – Public Voice Television

 

#PeopleMedia #လေးကေ့ကော် #တပ်မတော် #KNU #Peace

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 

Photo – Public Voice Television

 



Share this post