• Follow Us on
Latest News

Home မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းတွင် ယာဉ်မောင်းဖြစ်သူသည် ဓားခုတ်ခံရပြီးနောက် မော်တော် ယာဉ် လုယက်ခံရ

မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းတွင် ယာဉ်မောင်းဖြစ်သူသည် ဓားခုတ်ခံရပြီးနောက် မော်တော် ယာဉ် လုယက်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်း ကွမ်းခြံကုန်းနေရာတွင် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးသည်  ဓားဖြင့်ခုတ်ခံရပြီး မော်တော်ယာဉ် လုယက်ခံရကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရှိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်နေ့ ညအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းတွင် ယာဉ် မောင်း ကျော်နိုင်ထွေး မောင်းနှင်လာသော Honda Fit ယာဉ်အား အမည်မသိ လူတစ်ဦးကတား၍ ဓားဖြင့် ခုတ်ကာ ကားလုပြေးခြင်းဖြစ်ကြောင်း သိရသည်။

 

“ဖြစ်တာကတော့ ညက ဖြစ်တာ မနက်မှ အကြောင်းကြားလို့ သွားပြီးတော့ ကူညီခဲ့တာ လူနာရဲ့ ဒဏ်ရာ အနေအထားကတော့ နည်းနည်းတော့ စိုးရိမ်ရပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

လူနာ၏ အခြေအနေမှာ စိုးရိမ်ရသည့်အနေအထားရှိသည့်အတွက် ဘားအံ့မြို့ပြည့်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသထားရကြောင်း သိရသည်။

 

#PeopleMedia #မြဝတီ

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post