• Follow Us on

Home ျမ၀တီၿမိဳ႕၊ ကာစီႏို႐ုံတစ္ခုအား ၀င္ေရာက္ဖမ္းဆီးရာတြင္ ျမန္မာႏိုင္ငံသား ၁၄ ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား ၄ ဦး ဖမ္းဆီးရမိ ႐ုံပိုင္ရွင္ ထြက္ေျပး

ျမ၀တီၿမိဳ႕၊ ကာစီႏို႐ုံတစ္ခုအား ၀င္ေရာက္ဖမ္းဆီးရာတြင္ ျမန္မာႏိုင္ငံသား ၁၄ ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား ၄ ဦး ဖမ္းဆီးရမိ ႐ုံပိုင္ရွင္ ထြက္ေျပး

Share this post

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ကာစီႏို႐ုံတစ္ခုအား ၀င္ေရာက္ဖမ္းဆီးရာတြင္ ျမန္မာႏိုင္ငံသား ၁၄ ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား ၄ ဦးဖမ္းဆီးရမိၿပီး ႐ုံပိုင္ရွင္ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ ၾကားေရးမွ ထုတ္ျပန္ခ်က္အရသိရသည္။

ကရင္ျပည္နယ္၊ ျမ၀တီျမၿမိဳ႕နယ္ အမွတ္ ၃ ရပ္ကြက္ ပတၱျမားမယ္ဓါတ္ဆီဆိုင္အနီး သုံးထပ္အေဆာက္အဦး ေဘာင္တီးကာစီႏို႐ုံအား ဇူလိုင္၁၄ရက္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား ႐ုတ္တရက္၀င္ေရာက္ရွာေဖြဖမ္းဆီးရာ ေလာင္း ကစားျပဳလုပ္ေနသူ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၉ ဦး၊ အမ်ိဳးသမီး ၅ ဦး၊ တ႐ုတ္ႏိုင္ငံသားအမ်ိဳးသား ၄ ဦးတို႔ အား ေလာင္းကစားပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္းသိရသည္။

ကာစီႏိုအေဆာက္အအုံပိုင္ရွင္မွာ ကြၽန္းေတာ ၃ ရပ္ကြက္ ျမ၀တီၿမိဳ႕နယ္ေနထိုင္သူ ေစာရွမ္းေလးဆိုသူျဖစ္ၿပီး ၎မွာ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိေၾကာင္းသိရသည္။

ကရင္ျပည္နယ္တြင္ ဇြန္၊ ဇူလိုင္ကာလ ေက်ာင္းဖြင့္ခ်ိန္မ်ားတြင္ ကာစီႏိုေလာင္းကစားမ်ားကို တစ္ဖက္ႏိုင္ငံမွ ႏိုင္ငံသားအခ်ိဳ႕ လာေရာက္ကစားၾကၿပီး ညလုံးေပါက္ဖြင့္ျခင္း၊ ကစား႐ုံတြင္ လာေရာက္ကစားသူမ်ားမွ ၿမိဳ႕ အတြင္း ရန္စျပဳမူမႈမ်ားေၾကာင့္ ေဒသခံမ်ားက ႀကိဳက္ႏွစ္သက္မႈမရွိေၾကာင္း သတင္းစာရွင္းလင္းပြဲမ်ား က်င္းပ ကာရွင္းလင္းမႈတို႔အရသိရသည္။

#PeopleMedia

(unicode)
မြဝတီမြို့၊ ကာစီနိုရုံတစ်ခုအား ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိ ရုံပိုင်ရှင် ထွက်ပြေး
………………………………………………………

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကာစီနိုရုံတစ်ခုအား ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိပြီး ရုံပိုင်ရှင်ထွက်ပြေးတိမ်းရှောင်သွားကြောင်း တပ်မတော်သတင်းမှန်ပြန် ကြားရေးမှ ထုတ်ပြန်ချက်အရသိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြမြို့နယ် အမှတ် ၃ ရပ်ကွက် ပတ္တမြားမယ်ဓါတ်ဆီဆိုင်အနီး သုံးထပ်အဆောက်အဦး ဘောင်တီးကာစီနိုရုံအား ဇူလိုင်၁၄ရက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုတ်တရက်ဝင်ရောက်ရှာဖွေဖမ်းဆီးရာ လောင်း ကစားပြုလုပ်နေသူ မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး၊ တရုတ်နိုင်ငံသားအမျိုးသား ၄ ဦးတို့ အား လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်။

ကာစီနိုအဆောက်အအုံပိုင်ရှင်မှာ ကျွန်းတော ၃ ရပ်ကွက် မြဝတီမြို့နယ်နေထိုင်သူ စောရှမ်းလေးဆိုသူဖြစ်ပြီး ၎င်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

ကရင်ပြည်နယ်တွင် ဇွန်၊ ဇူလိုင်ကာလ ကျောင်းဖွင့်ချိန်များတွင် ကာစီနိုလောင်းကစားများကို တစ်ဖက်နိုင်ငံမှ နိုင်ငံသားအချို့ လာရောက်ကစားကြပြီး ညလုံးပေါက်ဖွင့်ခြင်း၊ ကစားရုံတွင် လာရောက်ကစားသူများမှ မြို့ အတွင်း ရန်စပြုမူမှုများကြောင့် ဒေသခံများက ကြိုက်နှစ်သက်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲများ ကျင်းပ ကာရှင်းလင်းမှုတို့အရသိရသည်။

#PeopleMedia


Share this post