• Follow Us on

Home မြဝတီမြို့၊ ရွှေမြဝတီ Facility Quarantine Center တွင် ဆရာဝန်၊ ဆရာမ၊ သူနာပြုများ ကိုဗစ်ပိုးကူးစက်ခံ ထားရ

မြဝတီမြို့၊ ရွှေမြဝတီ Facility Quarantine Center တွင် ဆရာဝန်၊ ဆရာမ၊ သူနာပြုများ ကိုဗစ်ပိုးကူးစက်ခံ ထားရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၆ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေမြဝတီ Facility Quarantine Center တွင် စေတနာ့ဝန်ထမ်းနှင့် ဆရာဝန် ဆရာမ၊ သူနာပြုအင်အား ၂၅ ဦးရှိသည့်အနက် ထက်ဝက်ခန့်၌ ကိုဗစ်ပိုးကူးစက်ခံထားရပါတယ်။

 

ထို့ကြောင့် Quarantine Center အား စေတနာ့ဝန်ထမ်းအနည်းနဲ့ လည်ပတ်နေရတဲ့အတွက် ခက်ခဲမှုများ ရှိနေတယ်လို့ ရွှေမြဝတီစင်တာမှ သိရပါတယ်။

 

“ကျွန်တော်တို့ အကြီးမားဆုံးအခက်အခဲကတော့ ရွှေမြဝတီ Facility Quarantine Center က စေတနာ့ဝန် ထမ်း ထက်ဝက်ခန့်က ကိုဗစ်ပိုးကူးစက်ခံထားရသော အနားယူနေရတယ်။ ကျန်တဲ့ ဝန်ထမ်းတွေလဲ အနား မယူပဲ လုပ်နေကျတဲ့အခါကျတော့ အခက်အခဲတွေက တော်တော်ရှိနေတယ်” လို့ ရွှေမြဝတီ Facility Quarantine Center မှ Volunteer ဆရာဝန်တစ်ဦးက ပြောပါတယ်။

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် ကုသရန် ဖွင့်လှစ်ထားသည့်စခန်းများတွင် ရွှေမြဝတီ Facility Quarantine Center သည် အဓိကကျသည့် ကုသရေးစင်တာတစ်ခုဖြစ်ကြောင်း ဒေသခံ များက ပြောပါတယ်။

 

လက်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၄၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေ ၃၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။

 

#PeopleMedia #ရွှေမြဝတီ #COVID-19

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post