• Follow Us on

Home မြဝတီ-ကော့ကရိတ် အာရှအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၂ အနီး၌ မိုင်းပေါက်ကွဲ

မြဝတီ-ကော့ကရိတ် အာရှအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၂ အနီး၌ မိုင်းပေါက်ကွဲ

Share this post

မြဝတီ၊ ဒီဇင်ဘာ၂၈ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီ-ကော့ကရိတ်၊ အာရှအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅၂ ဆိတ်ဖူး တောင်အနီးတွင် မိုင်းပေါက်ကွဲ၍ ကားလမ်းပျက်စီးခဲ့သည်။။

 

အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကော့ကရိတ်ဘက်ခြမ်းအခြမ်းတွင် မြေသားများပြိုကျသွားပြီး ကတ္တရာ လမ်းတွင်လည်း ပတ်ကြားအပ်ရာများ ဖြစ်ပေါ်ခဲ့သည်။

 

“စောနကပဲ ပြန်ခဲ့တာပါ လောလောဆယ်ကတော့ ကားတွေကတော့ သွားလို့မရသေးဘူး။ ဆိုင်ကယ်ကတော့ ဖြတ်လို့ရတယ်။ လမ်းတံတားက လူတွေနဲ့ တပ်ကလူတွေနဲ့ ပြင်ဆင်နေတာတော့ တွေ့ခဲ့ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ဒီဇင်ဘာ ၂၇ ရက်နေ့တွင်လည်း မြဝတီ-ကော့ကရိတ် အာရှအမြန်လမ်းမကြီးရှိ ကော့နွဲ့တံတားတွင် ဖောက်ခွဲ ရန် ကြံစည်ထားသော လက်လုပ်မိုင်းကို လုံခြုံရေးအဖွဲ့များက အချိန်မှီ ဖယ်ရှားနိုင်ခဲ့သည်။

 

Photo – ကရင့်အမျိုးသားမီဒီယာ

 

#PeopleMedia #မြဝတီ #အာရှအမြန်လမ်းမကြီး

 

(unicode)


…………………………………………………….

 


 


 


 


 


 


 



Share this post