• Follow Us on

Home ျသစေၾတးလ် ျပည္ထဲေရးဝန္ႀကီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပန္

ျသစေၾတးလ် ျပည္ထဲေရးဝန္ႀကီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပန္

Share this post

MPI

ႏိုင္ငံတကာ မတ္ ၁၃

ျသစေတးလ် ျပည္ထဲေရးဝန္ႀကီး ပီတာဒပ္တန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေၾကာင္း ၄င္းက တြစ္ တာ၌ ေရးသားေဖာ္ျပခဲ့သည္။

“ဒီေန႔မနက္ ကြၽန္ေတာ္ အိပ္ယာကႏိုးလာတဲ့အခါ ကိုယ္အပူခ်ိန္ျမင့္တက္ေနၿပီး လည္ေခ်ာင္းနာေရာဂါ ခံ စားခဲ့ရပါတယ္။ ကြၽန္ေတာ္ ခ်က္ခ်င္းဆိုသလို ကြင္းစလန္ျပည္နယ္ က်န္းမာေရးဌာနကို ဆက္သြယ္ခဲ့ၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈရွိ မရွိ စစ္ေဆးမႈခံယူခဲ့ပါတယ္။ စမ္းသပ္မႈရလဒ္အရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတယ္လို႔ ကြင္းစလန္ျပည္နယ္ က်န္းမာေရးဌာနက ကြၽန္ေတာ့္ကို ေျပာပါတယ္” ဟု ဝန္ႀကီးက ေရးသားခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတိုင္း ေဆး႐ုံသို႔တင္ရမည္ဆိုသည္မွာ ကြင္းစလန္ျပည္နယ္ က်န္းမာေရး ဌာန၏ မူဝါဒျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းမ်ား အႀကံဉာဏ္အတိုင္း သူက လိုက္နာေဆာင္ရြက္ခဲ့ပါေၾကာင္း ပီတာ က ဆိုသည္။

“ကြၽန္ေတာ္ ေနထိုင္ေကာင္းတယ္လို႔ ခံစားရၿပီး အခ်ိန္ႏွင့္တစ္ေျပးညီ အေျခအေနကို ေဖာ္ျပေပးမွာျဖစ္ပါ တယ္” ဟု ၄င္းက ေျပာသည္။

ကိုးကား – စီဂ်ီတီအင္န္

Ref; Australia Home Affairs minister tests positive for coronavirus

(unicode)
သြစတြေးလျ ပြည်ထဲရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြန်
……………………………………………………………..

MPI

နိုင်ငံတကာ မတ် ၁၃

သြစတေးလျ ပြည်ထဲရေးဝန်ကြီး ပီတာဒပ်တန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ၄င်းက တွစ် တာ၌ ရေးသားဖော်ပြခဲ့သည်။

“ဒီနေ့မနက် ကျွန်တော် အိပ်ယာကနိုးလာတဲ့အခါ ကိုယ်အပူချိန်မြင့်တက်နေပြီး လည်ချောင်းနာရောဂါ ခံ စားခဲ့ရပါတယ်။ ကျွန်တော် ချက်ချင်းဆိုသလို ကွင်းစလန်ပြည်နယ် ကျန်းမာရေးဌာနကို ဆက်သွယ်ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုရှိ မရှိ စစ်ဆေးမှုခံယူခဲ့ပါတယ်။ စမ်းသပ်မှုရလဒ်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကွင်းစလန်ပြည်နယ် ကျန်းမာရေးဌာနက ကျွန်တော့်ကို ပြောပါတယ်” ဟု ဝန်ကြီးက ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတိုင်း ဆေးရုံသို့တင်ရမည်ဆိုသည်မှာ ကွင်းစလန်ပြည်နယ် ကျန်းမာရေး ဌာန၏ မူဝါဒဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ အကြံဉာဏ်အတိုင်း သူက လိုက်နာဆောင်ရွက်ခဲ့ပါကြောင်း ပီတာ က ဆိုသည်။

“ကျွန်တော် နေထိုင်ကောင်းတယ်လို့ ခံစားရပြီး အချိန်နှင့်တစ်ပြေးညီ အခြေအနေကို ဖော်ပြပေးမှာဖြစ်ပါ တယ်” ဟု ၄င်းက ပြောသည်။

ကိုးကား – စီဂျီတီအင်န်

Ref; Australia Home Affairs minister tests positive for coronavirus


Share this post