• Follow Us on

Home ၀က္ေသြးမ်ားေၾကာင့္ ေတာင္ကိုရီးယားျမစ္ေရ အနီေရာင္ေျပာင္းလဲ

၀က္ေသြးမ်ားေၾကာင့္ ေတာင္ကိုရီးယားျမစ္ေရ အနီေရာင္ေျပာင္းလဲ

Share this post

ႏိုင္ငံတကာ၊ ႏိုဝင္ဘာ ၁၃

ေတာင္-ေျမာက္ကိုရီးယားနယ္စပ္ျမစ္ေရဟာ ဝက္ေတြကို သုတ္သင္ရွင္းလင္းမႈေၾကာင့္ အနီေရာင္ေျပာင္းလဲသြားခဲ့ပါတယ္။

ေတာင္ကိုရီးယားအစိုးရအာဏာပိုင္ေတြဟာ အာဖရိက ဝက္တုပ္ေကြးျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ အတြက္ ဝက္အေကာင္ေရ ၄၇,၀၀၀ ကို ရွင္းလင္းခဲ့ၿပီးျဖစ္ပါတယ္။ မိုးသည္းထန္စြာ ရြာသြန္း မႈေၾကာင့္ ဝက္ေသြးေတြဟာ မိုးရည္ေတြနဲ႔အတူ အီဂ်င္ျမစ္ထဲ စီးဝင္ခဲ့ၿပီး အခုလို ျမစ္ေရအနီေရာင္သန္းေစခဲ့တာပါ။

အဆိုပါ ဝက္တုပ္ေကြးဟာ လူေတြကို အႏၲရာယ္မျဖစ္ေစေပမယ့္ ကူးစက္ခံရတဲ့ ဝက္ေတြအားလုံး ေသဆုံးေစတဲ့အႏၲရာယ္ရွိေနပါတယ္။

အခုလို ဝက္ေသြးေတြ ျမစ္ထဲစီးဆင္းမႈေၾကာင့္ တျခားတိရိစၧာန္ေတြကို ကူးစက္ေစႏိုင္တယ္လို႔ ေျပာဆိုမႈေတြကို ေဒသခံအစိုးရအာဏာပိုင္ေတြက ျငင္းဆိုထားပါတယ္။

ဝက္ေတြကို ေျမျမဳပ္ျခင္းနဲ႔ ရွင္းလင္းရာမွာ ၎တို႔ကို ထည့္တဲ့ ပလပ္စတစ္အိတ္ေတြျပက္လပ္မႈေၾကာင့္ အခုလို သတ္ၿပီး ရွင္းလင္းရတဲ့နည္းလမ္းကို ေဆာင္ရြက္ေနရတာလို႔လည္းသိရပါတယ္။

အာရွတိုက္မွာ အာဖရိက ဝက္တုပ္ေကြးကူးစက္တဲ့ႏႈန္းျမင့္မားခဲ့ၿပီး တ႐ုတ္၊ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔မွာလည္း ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံတစ္ႏိုင္ထဲမွာ ဝက္ေတြသုတ္သင္ရွင္းလင္းအေရအတြက္ဟာ ၁.၂ သန္းထိရွိေနခဲ့ၿပီလည္းျဖစ္ပါတယ္။

Ref;BBC
South Korean river turns red after being polluted with pigs’ blood

#PeopleMedia #EPN

(unicode)
၀က်သွေးများကြောင့် တောင်ကိုရီးယားမြစ်ရေ အနီရောင်ပြောင်းလဲ

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

တောင်-မြောက်ကိုရီးယားနယ်စပ်မြစ်ရေဟာ ဝက်တွေကို သုတ်သင်ရှင်းလင်းမှုကြောင့် အနီရောင်ပြောင်းလဲသွားခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရအာဏာပိုင်တွေဟာ အာဖရိက ဝက်တုပ်ကွေးပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အတွက် ဝက်အကောင်ရေ ၄၇,၀၀၀ ကို ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ဝက်သွေးတွေဟာ မိုးရည်တွေနဲ့အတူ အီဂျင်မြစ်ထဲ စီးဝင်ခဲ့ပြီး အခုလို မြစ်ရေအနီရောင်သန်းစေခဲ့တာပါ။

အဆိုပါ ဝက်တုပ်ကွေးဟာ လူတွေကို အန္တရာယ်မဖြစ်စေပေမယ့် ကူးစက်ခံရတဲ့ ဝက်တွေအားလုံး သေဆုံးစေတဲ့အန္တရာယ်ရှိနေပါတယ်။

အခုလို ဝက်သွေးတွေ မြစ်ထဲစီးဆင်းမှုကြောင့် တခြားတိရိစ္ဆာန်တွေကို ကူးစက်စေနိုင်တယ်လို့ ပြောဆိုမှုတွေကို ဒေသခံအစိုးရအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။

ဝက်တွေကို မြေမြုပ်ခြင်းနဲ့ ရှင်းလင်းရာမှာ ၎င်းတို့ကို ထည့်တဲ့ ပလပ်စတစ်အိတ်တွေပြက်လပ်မှုကြောင့် အခုလို သတ်ပြီး ရှင်းလင်းရတဲ့နည်းလမ်းကို ဆောင်ရွက်နေရတာလို့လည်းသိရပါတယ်။

အာရှတိုက်မှာ အာဖရိက ဝက်တုပ်ကွေးကူးစက်တဲ့နှုန်းမြင့်မားခဲ့ပြီး တရုတ်၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာလည်း ကူးစက်ပျံ့နှံ့လျက်ရှိနေပါတယ်။ တရုတ်နိုင်ငံတစ်နိုင်ထဲမှာ ဝက်တွေသုတ်သင်ရှင်းလင်းအရေအတွက်ဟာ ၁.၂ သန်းထိရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

Ref;BBC
South Korean river turns red after being polluted with pigs’ blood

#PeopleMedia #EPN


Share this post