• Follow Us on

Home ၀န်ကြီး ဒေါက်တာသက်သက်ခိုင် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကိုဗစ်ဖြစ်၍ ကုသမှုခံယူနေရသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်

၀န်ကြီး ဒေါက်တာသက်သက်ခိုင် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကိုဗစ်ဖြစ်၍ ကုသမှုခံယူနေရသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်

Share this post

နေပြည်တော်၊ ဇူလိုင် ၂၇ (People Media)

 

လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ကိုဗစ် ၁၉ ရောဂါ ကူးစက်၍ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသမှုခံရနေသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်တယ်လို့ ၎င်း၏ကိုယ်ရေး အရာရှိက People Media သို့ ပြောဆိုပါတယ်။

 

ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းက လူမှုကွန်ယက်စာမျက်နှာများ၌ ဒေါက်တာ သက်သက်ခိုင် ကိုဗစ်ကူးစက်ခံရ၍ မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း ရေးသားဖော်ပြကြပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က ဒေါက်တာသက်သက်ခိုင်၏ ကိုယ်ရေးအရာရှိဖြစ်သူထံ ဆက် သွယ်မေးမြန်းရာ

“အန်တီက ကျန်းကျန်းမာမာရှိပါတယ်။ အခုက အန်တီက နေပြည်တော်က အိမ်မှာပါ ဘာမှမဖြစ်ပါဘူး၊ မနေ့ ကပဲ အွန်လိုင်းကနေ ပြုလုပ်တဲ့ ရန်ကုန်တိုင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အစည်းအဝေးတောင် လုပ်ထားပါသေးတယ်” ဟု ၎င်းကပြောဆိုပါတယ်။

 

လက်ရှိအချိန်၌ မန္တလေးတိုင်းကောင်စီဥက္ကဋ္ဌနှင့် မန္တလေးမြို့တော်ဝန်တို့သည် ကိုဗစ်ကူးစက်ခံနေရ၍ မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူလျှက်ရှိပါတယ်။

 

#PeopleMedia #ဒေါက်တာသက်သက်ခိုင်

 

(unicode)


……………………………………………………

 


 


 


 



 

လကျရှိအခြိနျ၌ မန်တလေးတိုငျးကောငျစီဥက်ကဋ်ဌနှင့ျ မန်တလေးမွို့တောျဝနျတို့သညျ ကိုဗဈကူးစကျခံနရေ၍ မန်တလေး ပွညျသူ့ဆေးရုံကွီး၌ ဆေးဝါးကုသမှုခံယူလြှကျရှိပါတယျ။

 



Share this post