• Follow Us on
Latest News

Home ၀မ်းတွင်းမြို့တွင် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

၀မ်းတွင်းမြို့တွင် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

မန္တလေး၊ ဇွန် ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိတစ်ဦး ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် ပစ် ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန်လ ၂၂ ရက်နေ့ ၁ နာရီဝန်းကျင်အချိန်က သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဦးစီးဌာနမှ အရာရှိ ဦးမင်းခိုင်ဦးသည် ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ တစ်ခုမှ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ကြွယ်ကန်ကျေးရွာ ဟစ်တော်မူဘုရားအနီးတွင် အနောက်မှ လိုက်လာ သည့် အမျိုးသား (၂) ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ် ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းခိုင်ဦးမှာ ဦးခေါင်းပိုင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံး သွားကြောင်း သိရသည်။

 

ဗိုလ်ကြီးရာထူးနှင့် စစ်တပ်က အသွင်ပြောင်းပြီး ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆန် ထိန်း သိမ်းရေးဦးစီးဌာန ဦးစီးမှူးအဖြစ် လုပ်ကိုင်နေသည့် ဦးမင်းခိုင်ဦးသည် သစ်တောအရာရှိအသွင်ယူပြီး သတင်း ထောက်လှမ်း ဒုက္ခပေးနေသည့်အတွက် ရှင်းလင်းခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………….

 

မန်တလေး၊ ဇှနျ ၂၄

 


 


 


 


 

#PeopleMedia


Share this post