• Follow Us on

Home ၀မ်းတွင်းမြို့နယ်ရှိ ပြည်တော်ပြန် Quarantine ၀င်နေသူများ နေ့စားင ရုတ်သီးခြွေခြင်းဖြင့် ၀မ်းစာဖြေရှင်းနေရ

ဝမ်းတွင်းမြို့နယ်ရှိ ပြည်တော်ပြန် Quarantine ၀င်နေသူများ နေ့စားင ရုတ်သီးခြွေခြင်းဖြင့် ၀မ်းစာဖြေရှင်းနေရ

Share this post

ရန်ကုန်၊ ဧပြီ – ၂၉

မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ်ရှိ ပြည်တော်ပြန် Quarantine ၀င်နေသူများ နေ့စားငရုတ်သီးခြွှေခြင်းဖြင့် ၀မ်း စာဖြေရှင်းနေရကြောင်း နေထိုင်သူတစ်ဦးမှ ပြောသည်။ အဆိုပါဝမ်းတွင်းမြို့နယ်ရှိ ကုက္ကိုခါးလှရွာ အထက် တန်းကျောင်းခွဲတွင် ဒေသအသီးသီးမှ ပြည်တော်ပြန်များအား အစိုးရမှ ထုတ်ပြန်ထားသည့်အတိုင်း ၂၁ ရက် စောင့်ကြည့်အဖြစ် နေထိုင်လျက်ရှိသည်။

အဆိုပါနေထိုင်သူများမှာ ကျန်းမာရေးစစ်ဆေးမှုများ၊ နေ့စဉ်စားသောက်ရေးအတွက် ကူညီထောက်ပံ့မှုများ မရှိ သည့်အတွက် အခက်အခဲကြုံတွေ့လျက်ရှိပြီး ကျေးရွာမှလည်း ဆင်းရဲနွမ်းပါးကာ ကူညီမထောက်ပံ့ပေးနိုင် သည့်အတွက် Quarantine ၀င်နေသူများမှာ နေ့စားငရုတ်သီးခြွှေကာ ၀မ်းစာဖြေရှင်းနေရကြောင်း အဆိုပါ ဒေသခံဖြစ်သည့် Quarantine ၀င်နေသူ ကိုရန်အောင်မှ ပြောသည်။

“ကျွန်တော်တို့က အယောက် ၂၀ ကျော်ရှိတယ်။ ကျွန်တော်တို့ကို ဘယ်သူမှာတာဝန်မယူဘူး။ အစိုးရကလည်း တာဝန်မယူသလို၊ ရပ်ရွာကလည်း ဆင်းရဲတဲ့အတွက် တာဝန်မယူနိုင်ဘူး။ အဲဒီတော့ ရွာသူကြီးက မကျွေးနိုင်၊ မထောက်ပံ့နိုင်တော့ ပြန်လွှတ်တယ်။ အဲဒါကို ဘေးရွာကတိုင်တော့ အထက်ကရောက်လာတယ်။ ရွာသူကြီးကို ဆူသွားတယ်။ ပြန်လွှတ်လို့ဆိုပြီး။ ကျွန်တော်တို့ ပြန်နေရတယ်။ ဒါပေမဲ့ ဘာလုပ်ပေးမယ်ဆိုတာတော့ ဘာမှ ပြောမသွားဘူး။ ကျွန်တော်တို့ဒေသက ငရုတ်ဒိုင်က ကူညီပြီး အလုပ်ကို ပေးလုပ်တာ။ တစ်အိတ်မှ တစ်ထောင် ပဲရတာ။ တစ်အိတ်ကို တစ်နေကုန်ခြွေလို့မပြီးဘူး”ဟု ၎င်းမှပြောသည်။

ထိုသို့ Quarantine နေထိုင်စဉ်တွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ပညာပေးခြင်း၊ လက်ဆေးရည်များ၊ Mask များ မရှိကြောင်း ၎င်းမှပြောသည်။ စတင်နေထိုင်သည့်အချိန်မှစ၍ ကိုယ့်စရိတ်နှင့်ကိုယ်စားသောက်နေထိုင်ရသည့် အတွက် အခက်အခဲကြုံလျက် ကျန်ရှိနေသည့် သားသမီးများမှာ စားသောက်ရေးအတွက် ဒုက္ခရောက်လျက် ရှိပြီး အစိုးရမှ မည်သည့်ထောက်ပံ့မှုမှမရှိဟုဆိုသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထက်အား ဆက်သွယ်မေးမြန်းရာတွင် “Quarantine ထားတဲ့နေရာမှာ အဆင် ပြေတဲ့အဖွဲ့ကသွားပြီးတော့ ပို့တာရှိတယ်။ တချို့အဆင်ပြေတဲ့သူကြတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်တွေက သွားပို့တယ်။ COVID 19 အဖွဲ့ဆိုပြီး ထားတာရှိတယ်။ အဲဒီအဖွဲ့ကမြို့နယ်ကဖွဲ့ထားတာပေါ့။ အဲဒီအဖွဲ့က နေပြီး သူတို့တတ်နိုင်သလောက် သွားပြီးလှူဒါန်းနေတာပေါ့။ အစိုးရကနေထောက်ပံ့တာက ထွေအုပ်ကနေ တစ်ဆင့်သွားတာ။ ထွေအုပ်ရယ် မြို့နယ် COVID 19 အဖွဲ့ရယ် ပေါင်းပြီးတော့ သွားနေတာ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီး တစ်ဆင့် ထွေအုပ်ကနေမှ COVID 19 အဖွဲ့ရယ် ပေါင်းပြီးတော့ လိုအပ်တဲ့နေရာတွေကို လုပ်နေကြတယ်”ဟု People Media မှ ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့မှာ တရုတ်ပြည်နယ်စပ်တွင် ဖရဲစိုက်ပျိုးခြင်းအလုပ်လုပ်ကိုင်ကာ ဖရဲကားလိုက်သည့်သူများဖြစ်ပြီး ယခု လက်ရှိတွင် ဖြစ်ပွားလျက်ရှိသည့် COVID 19 ရောဂါကြောင့် လုပ်ငန်းများရပ်ဆိုင်း၍ ပြန်လာကြခြင်းဖြစ်သည်။

#PeopleMedia

(Unicode)
ဝမ်းတွင်းမြို့နယ်ရှိ ပြည်တော်ပြန် Quarantine ဝင်နေသူများ နေ့စားင ရုတ်သီးခြွေခြင်းဖြင့် ဝမ်းစာဖြေရှင်းနေရ ………………………………………………………

ရန်ကုန်၊ ဧပြီ – ၂၉

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ပြည်တော်ပြန် Quarantine ဝင်နေသူများ နေ့စားငရုတ်သီးခြွှေခြင်းဖြင့် ဝမ်း စာဖြေရှင်းနေရကြောင်း နေထိုင်သူတစ်ဦးမှ ပြောသည်။ အဆိုပါဝမ်းတွင်းမြို့နယ်ရှိ ကုက္ကိုခါးလှရွာ အထက် တန်းကျောင်းခွဲတွင် ဒေသအသီးသီးမှ ပြည်တော်ပြန်များအား အစိုးရမှ ထုတ်ပြန်ထားသည့်အတိုင်း ၂၁ ရက် စောင့်ကြည့်အဖြစ် နေထိုင်လျက်ရှိသည်။

အဆိုပါနေထိုင်သူများမှာ ကျန်းမာရေးစစ်ဆေးမှုများ၊ နေ့စဉ်စားသောက်ရေးအတွက် ကူညီထောက်ပံ့မှုများ မရှိ သည့်အတွက် အခက်အခဲကြုံတွေ့လျက်ရှိပြီး ကျေးရွာမှလည်း ဆင်းရဲနွမ်းပါးကာ ကူညီမထောက်ပံ့ပေးနိုင် သည့်အတွက် Quarantine ဝင်နေသူများမှာ နေ့စားငရုတ်သီးခြွှေကာ ဝမ်းစာဖြေရှင်းနေရကြောင်း အဆိုပါ ဒေသခံဖြစ်သည့် Quarantine ဝင်နေသူ ကိုရန်အောင်မှ ပြောသည်။

“ကျွန်တော်တို့က အယောက် ၂၀ ကျော်ရှိတယ်။ ကျွန်တော်တို့ကို ဘယ်သူမှာတာဝန်မယူဘူး။ အစိုးရကလည်း တာဝန်မယူသလို၊ ရပ်ရွာကလည်း ဆင်းရဲတဲ့အတွက် တာဝန်မယူနိုင်ဘူး။ အဲဒီတော့ ရွာသူကြီးက မကျွေးနိုင်၊ မထောက်ပံ့နိုင်တော့ ပြန်လွှတ်တယ်။ အဲဒါကို ဘေးရွာကတိုင်တော့ အထက်ကရောက်လာတယ်။ ရွာသူကြီးကို ဆူသွားတယ်။ ပြန်လွှတ်လို့ဆိုပြီး။ ကျွန်တော်တို့ ပြန်နေရတယ်။ ဒါပေမဲ့ ဘာလုပ်ပေးမယ်ဆိုတာတော့ ဘာမှ ပြောမသွားဘူး။ ကျွန်တော်တို့ဒေသက ငရုတ်ဒိုင်က ကူညီပြီး အလုပ်ကို ပေးလုပ်တာ။ တစ်အိတ်မှ တစ်ထောင် ပဲရတာ။ တစ်အိတ်ကို တစ်နေကုန်ခြွေလို့မပြီးဘူး”ဟု ၎င်းမှပြောသည်။

ထိုသို့ Quarantine နေထိုင်စဉ်တွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ပညာပေးခြင်း၊ လက်ဆေးရည်များ၊ Mask များ မရှိကြောင်း ၎င်းမှပြောသည်။ စတင်နေထိုင်သည့်အချိန်မှစ၍ ကိုယ့်စရိတ်နှင့်ကိုယ်စားသောက်နေထိုင်ရသည့် အတွက် အခက်အခဲကြုံလျက် ကျန်ရှိနေသည့် သားသမီးများမှာ စားသောက်ရေးအတွက် ဒုက္ခရောက်လျက် ရှိပြီး အစိုးရမှ မည်သည့်ထောက်ပံ့မှုမှမရှိဟုဆိုသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထက်အား ဆက်သွယ်မေးမြန်းရာတွင် “Quarantine ထားတဲ့နေရာမှာ အဆင် ပြေတဲ့အဖွဲ့ကသွားပြီးတော့ ပို့တာရှိတယ်။ တချို့အဆင်ပြေတဲ့သူကြတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်တွေက သွားပို့တယ်။ COVID 19 အဖွဲ့ဆိုပြီး ထားတာရှိတယ်။ အဲဒီအဖွဲ့ကမြို့နယ်ကဖွဲ့ထားတာပေါ့။ အဲဒီအဖွဲ့က နေပြီး သူတို့တတ်နိုင်သလောက် သွားပြီးလှူဒါန်းနေတာပေါ့။ အစိုးရကနေထောက်ပံ့တာက ထွေအုပ်ကနေ တစ်ဆင့်သွားတာ။ ထွေအုပ်ရယ် မြို့နယ် COVID 19 အဖွဲ့ရယ် ပေါင်းပြီးတော့ သွားနေတာ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီး တစ်ဆင့် ထွေအုပ်ကနေမှ COVID 19 အဖွဲ့ရယ် ပေါင်းပြီးတော့ လိုအပ်တဲ့နေရာတွေကို လုပ်နေကြတယ်”ဟု People Media မှ ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့မှာ တရုတ်ပြည်နယ်စပ်တွင် ဖရဲစိုက်ပျိုးခြင်းအလုပ်လုပ်ကိုင်ကာ ဖရဲကားလိုက်သည့်သူများဖြစ်ပြီး ယခု လက်ရှိတွင် ဖြစ်ပွားလျက်ရှိသည့် COVID 19 ရောဂါကြောင့် လုပ်ငန်းများရပ်ဆိုင်း၍ ပြန်လာကြခြင်းဖြစ်သည်။

#PeopleMedia


Share this post