• Follow Us on

Home ၀မ်းတွင်းမြို့နယ်၌ ထန်းရည်သောက်ရာမှ အသက် (၄) နှစ်အရွယ် မိန်းကလေးနှင့် ၎င်း၏ အစ်ကိုတော်စပ်သူ အသက် ၁၇ နှစ် အရွယ်ရှိသူတို့ သေဆုံး

၀မ်းတွင်းမြို့နယ်၌ ထန်းရည်သောက်ရာမှ အသက် (၄) နှစ်အရွယ် မိန်းကလေးနှင့် ၎င်း၏ အစ်ကိုတော်စပ်သူ အသက် ၁၇ နှစ် အရွယ်ရှိသူတို့ သေဆုံး

Share this post

မန္တလေး၊ မတ် ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ မြောက်ဆယ်ကျေးရွာတွင် နေထိုင်သည့် အသက်(၄) နှစ်အရွယ်မိန်းကလေးနှင့် ၎င်း၏ အကိုတော်စပ်သူအသက် ၁၇ နှစ် အရွယ်ရှိ သူတို့သည် ရေသန့်ဗူးထဲရှိ ထန်းရေအား သောက်ပြီးနောက် သေဆုံးသွားခဲ့သည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၁ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ မြောက်ဆယ်ကျေးရွာသို့ ထန်းရည်ချိုလာရောင်းသည့် အမျိုးသားထံမှာ ကလေးငယ်နှစ်ဦး၏ မိဘများသည် ထန်းရေဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူသည့် ထန်းရည်အား နေအိမ်၌ရှိသည့် ရေသန့်ဗူးထဲသို့ ထည့်ခဲ့ကြောင်း၊ ထို့နောက် ထန်းရည်ထည့်ထားသည့် ရေသန့်ဗူးအား မောင်နှ မနှစ်ယောက်မှ သောက်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာနေ ပြည်သူအချို့က ပြောသည်။

 

“နယ်ဘက်က ထန်းရည်ကို လာရောင်းတာ။ အဲ့နေ့က ဘေးအိမ်ကလူတွေလည်း ဝယ်သောက် ဘာမှမဖြစ်ဘူး။  သူတို့အိမ်က ရေသန့်ဗူးက အဆိပ်ပါလို့ဖြစ်မယ်။ ထန်းရည်သောက်ပြီး ဆေးရုံတင် လိုက်ရတာ။ သူတို့ မောင်နှစ်မနှစ်ကတော့ ဆေးရုံလည်းရောက်ရော သေသွားတယ်” လို့ ကျေးရွာနေပြည်သူတစ်ဦးမှပြောသည်။

 

နေအိမ်မှာရှိတဲ့ ရေသန့်ဗူးက အဆိပ်ထည့်သုံးထားတယ် ရေသန့်ဗူး ဖြစ်နိုင်ကြောင်း၊ အဲ့ဒီရေသန့်ဗူးထဲကို ထန်းရည် ထည့်လိုက်ပြီး ကလေးငယ်တွေက သောက်လိုက်ခြင်းကြောင့် သေဆုံးမှုဖြစ်နိုင်ကြောင်း  ကျေးရွာ နေပြည်သူအချို့က ပြောဆိုလျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #ဝမ်းတွင်းမြို့

 

(unicode)


……………………………….

 

မန်တလေး၊ မတျ ၁၂

 


 


 


 


 

Photo – Credit

 



Share this post