• Follow Us on
Latest News

Home “ဝ”အမျိုးသားပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးဆိုင်းပေါင်းနပ်နေရာ၌ ဒုဥက္ကဋ္ဌဖြစ်သူ ဦးညီပလုပ်အား ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်

“ဝ”အမျိုးသားပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးဆိုင်းပေါင်းနပ်နေရာ၌ ဒုဥက္ကဋ္ဌဖြစ်သူ ဦးညီပလုပ်အား ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

“ဝ”အမျိုးသားပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးဆိုင်းပေါင်းနပ်နေရာကို ဒုဥက္ကဋ္ဌဖြစ်သူ ဦးညီပလုပ်အား ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း “ဝ”အမျိုးသားပါတီ (WNP) မှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် လစ်လပ်နေသည့် ဝအမျိုးသားပါတီဥက္ကဋ္ဌနေရာအတွက် ဒုဥက္ကဋ္ဌ(၁) ဦးညီပလုပ် (Tax Nyi Pleek) အား ပါတီ၏ ယာယီဥက္ကဋ္ဌအဖြစ် ထားရှိရန် ပါတီဗဟိုကော်မတီဝင်များမှ သြဂုတ်လ ၂၀ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် အများသဘောတူဆုံးဖြတ်ချက်အရ တာဝန်ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

သြဂုတ်လ ၄ ရက်နေ့တွင် USDP ပါတီမှ ထုတ်ပြန်ခဲ့သည့် န.စ. က အား ထောက်ခံကြောင်း (၂၈)ပါတီ၏ သဘောထားထုတ်ပြန်ချက်၌ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးဆိုင်းပေါင်းနပ်သည် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ပါတီမှပြင်းထန်စွာရှုတ်ချကြောင်း သြဂုတ်လ ၆ ရက်နေ့တွင် ကြေညာထုတ်ပြန်ခဲ့ရာ ဦးဆိုင်းပေါင်း နပ်သည် သြဂုတ်လ (၁၁) ရက်နေ့တွင် ရာထူးမှနုတ်ထွက်ခဲ့ရာ လစ်လပ်နေသည့် ဥက္ကဋ္ဌနေရာအား ဒုဥက္ကဋ္ဌ ဦးညီပလုပ်ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် ပါတီတွင်းပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားရန်နှင့် အရေးပေါ်ပါတီညီလာခံအား အမြန်ဆုံးခေါ်ယူကျင်းပနိုင်ရေးတို့ပါ ဆွေးနွေးခဲ့ကြောင်း ပါရှိသည်။

 

အလားတူ ဦးညီပလုပ်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဟိုပန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး “”ဝတိုင်းရင်းသားစာပေဆိုင်ရာ လုပ်ငန်းအကြံပေးပုဂ္ဂိုလ်နှင့်” ဝ”သမိုင်းပြုစုရေးကော်မတီဝင်တစ်ဦးဖြစ်သည်။

 

#PeopleMedia #ဝအမျိုးသားပါတီ #ဦးညီပလုပ်

 

(unicode)

“ဝ”အမြိုးသားပါတီ၏ ဥက်ကဋ်ဌအဖွဈ တာဝနျယူခဲ့သူ ဦးဆိုငျးပေါငျးနပျနရော၌ ဒုဥက်ကဋ်ဌဖွဈသူ ဦးညီပလုပျအား ယာယီဥက်ကဋ်ဌအဖွဈ တာဝနျပေးအပျ

……………………………………………………………

 


 


 


 


 


 


 



Share this post