• Follow Us on

Home ၀ူဟန္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၈၀ ေက်ာ္ရွိ၊ ကူးစက္ခံရသူ ၂၇၀၀ ေက်ာ္ရွိ

၀ူဟန္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၈၀ ေက်ာ္ရွိ၊ ကူးစက္ခံရသူ ၂၇၀၀ ေက်ာ္ရွိ

Share this post

၀ူဟန္၊ ဇန္န၀ါရီ – ၂၇

တ႐ုတ္ႏိုင္ငံမွာ တနလၤာေန႔ကၿပီး ျပည္တြင္းခရီးသြားကန႔္သတ္မႈေတြ ပိုတိုးမယ့္အျပင္ အမ်ားျပည္သူ အားလပ္ ရက္ေတြကိုလည္း ထပ္တိုးတဲ့နည္းလမ္းနဲ႔ လူ ၈၀ ေက်ာ္ေသဆုံးၿပီး လူ ၂၃၀၀ ေက်ာ္ကို ကူးစက္ခဲ့တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ေနပါ‌တယ္။

အမ်ားဆုံးဒဏ္ခံရတဲ့ ဟူေဘးျပည္နယ္ျပင္ပမွာ ေသဆုံးသူေနာက္ထပ္မရွိဘဲ အတည္ျပဳၿပီးတဲ့ ကူးစက္ခံထားရ သူ ၇၆၉ ‌ေယာက္ရွိေနၿပီး တစ္၀က္နီးပါးဟာ ၀ူဟန္ၿမိဳ႕ရွိတဲ့ ဟူေဘးျပည္နယ္ကလို႔ တ႐ုတ္အမ်ိဳးသားက်န္းမာ ေရးေကာ္မရွင္ကေျပာပါတယ္။

ကူးစက္ခံထားရတဲ့လူ ၄၆၁ ‌ေယာက္က စိုးရိမ္ရတဲ့အေျခအေနမွာရွိေနတာပါ။ ႏိုင္ငံအလယ္ပိုင္းက လူသန္း ဆယ္ခ်ီေနၾကတဲ့ဟူေဘးျပည္နယ္ကို တ႐ုတ္အစိုးရက မႀကံဳစဖူးပိတ္ဆို႔ထားၿပီး အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္ျပန္႔ပြားမႈကို အ႐ွိန္ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

SARS ေရာဂါလိုမ်ိဳး အားမေကာင္းေပမဲ့ ျပန္႔ပြားႏႈန္းပိုအားေကာင္းလာတယ္လို႔ တ႐ုတ္က်န္းမာေရးဆိုင္ရာ ထိပ္ တန္းအရာ႐ွိႀကီးတစ္ေယာက္က သတင္းစာ႐ွင္းလင္းပြဲတစ္ခုမွာေျပာပါတယ္။

ဝူဟန္ၿမိဳ႕မွာ႐ွိေနတဲ့ေကာင္စစ္၀န္႐ံုး၀န္ထမ္းေတြနဲ႔ တျခားအေမရိကန္ႏိုင္ငံသားေတြကို အေမရိကန္ျပည္ေထာင္ စု၊ ဆန္ဖရန္စစၥကိုၿမိဳ႕ဆီပို႔ေပးမယ့္ေလယာဥ္ခရီးစဥ္စီစဥ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက တနဂၤေႏြေန႔မွာေျပာပါတယ္။

ဒီဇင္ဘာလကုန္ပိုင္းမွာ စၿပီးေတြ႕ခဲ့ၿပီး လက္႐ွိျပန္႔ႏွံ႔ေနသည့္ 2019-nCov ကို႐ိုနာဗိုင္းရပ္ဟာ တိရစာၦန္ေတြက တစ္ဆင့္ လူေတြဆီကူးစက္ခဲ့တာပါ။ ဗိုင္းရပ္စ္ေၾကာင့္ ျပင္းထန္တဲ့အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ ျဖစ္ပြားႏိုင္ပါတယ္။

Source – AFP Photo- Xinhua

#PeopleMedia

(Unicode)
ဝူဟန်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ ကျော်ရှိ၊ ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိ
……………………………………………………………

ဝူဟန်၊ ဇန်နဝါရီ – ၂၇

တရုတ်နိုင်ငံမှာ တနင်္လာနေ့ကပြီး ပြည်တွင်းခရီးသွားကန့်သတ်မှုတွေ ပိုတိုးမယ့်အပြင် အများပြည်သူ အားလပ် ရက်တွေကိုလည်း ထပ်တိုးတဲ့နည်းလမ်းနဲ့ လူ ၈၀ ကျော်သေဆုံးပြီး လူ ၂၃၀၀ ကျော်ကို ကူးစက်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နေပါ‌တယ်။

အများဆုံးဒဏ်ခံရတဲ့ ဟူဘေးပြည်နယ်ပြင်ပမှာ သေဆုံးသူနောက်ထပ်မရှိဘဲ အတည်ပြုပြီးတဲ့ ကူးစက်ခံထားရ သူ ၇၆၉ ‌ယောက်ရှိနေပြီး တစ်ဝက်နီးပါးဟာ ဝူဟန်မြို့ရှိတဲ့ ဟူဘေးပြည်နယ်ကလို့ တရုတ်အမျိုးသားကျန်းမာ ရေးကော်မရှင်ကပြောပါတယ်။

ကူးစက်ခံထားရတဲ့လူ ၄၆၁ ‌ယောက်က စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာပါ။ နိုင်ငံအလယ်ပိုင်းက လူသန်း ဆယ်ချီနေကြတဲ့ဟူဘေးပြည်နယ်ကို တရုတ်အစိုးရက မကြုံစဖူးပိတ်ဆို့ထားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို အရှိန်လျှော့ချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

SARS ရောဂါလိုမျိုး အားမကောင်းပေမဲ့ ပြန့်ပွားနှုန်းပိုအားကောင်းလာတယ်လို့ တရုတ်ကျန်းမာရေးဆိုင်ရာ ထိပ် တန်းအရာရှိကြီးတစ်ယောက်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောပါတယ်။

ဝူဟန်မြို့မှာရှိနေတဲ့ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေနဲ့ တခြားအမေရိကန်နိုင်ငံသားတွေကို အမေရိကန်ပြည်ထောင် စု၊ ဆန်ဖရန်စစ္စကိုမြို့ဆီပို့ပေးမယ့်လေယာဉ်ခရီးစဉ်စီစဉ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပြောပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းမှာ စပြီးတွေ့ခဲ့ပြီး လက်ရှိပြန့်နှံ့နေသည့် 2019-nCov ကိုရိုနာဗိုင်းရပ်ဟာ တိရစာ္ဆန်တွေက တစ်ဆင့် လူတွေဆီကူးစက်ခဲ့တာပါ။ ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

Source – AFP Photo- Xinhua

#PeopleMedia


Share this post