• Follow Us on

Home ၀ ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် COVID-19 ရောဂါအတည်ပြုလူနာ ၄၅ ဦးထိရှိလာ

၀ ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် COVID-19 ရောဂါအတည်ပြုလူနာ ၄၅ ဦးထိရှိလာ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် COVID-19 ရောဂါ ဓါတ်ခွဲနမူနာ စစ်ဆေးသူ စုစုပေါင်း ၉၁၇၃ ဦးကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၄၅ ဦး ရှိလာကြောင်း ဝပြည်နယ် ကျန်းမာရေးဌာန ထုတ်ပြန်ချက်ခဲ့သည်။
 
အဆိုပါ အတည်ပြုလူနာများမှာ ပန်းခမ်းမြို့အတွင်း ၁၉ ဦး၊ မိုင်းပေါက်ခရိုင်တွင် ၂၆ ဦးရှိပြီး၊ အတည်ပြုလူနာ အားလုံးကို တရုတ်နိုင်ငံ မိုင်းလင်မြို့ ကြက်ခြေနီအသင်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ဝပြည်နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကုသပေးနေကြောင်း ၎င်းကဆိုသည်။
 
“တရုတ်နိုင်ငံဘက်ကတော့ ဆေးဝါးပစ္စည်းတွေနဲ့ ကုသပိုင်းဆိုင်ရာကိစ္စတွေမှာ ကူညီမှုရှိပါတယ်၊ အရင်က တည်းကလည်း ပူးပေါင်းနေကြပါ၊ ကျွန်တော်တို့ ဌာနချုပ်မှာ အစိုးရကဖွင့်ထားတဲ့ ပြည်သူ့ဆေးရုံရှိပါတယ်၊ အဲ့က အဖွဲ့တွေနဲ့ ပူးပေါင်းဖို့တော့ ရှိပါတယ်” ဟု UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။
 
ဓါတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၉၁၇၃ ဦးတွင် တရုတ်နိုင်ငံသား ၂၁၃ ဦးပါဝင်ပြီး၊ လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
 
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်း COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်း အပါအဝင် လူစုလူဝေး ဖြစ်စေနိုင်သည့်နေရာတစ်ချို့ကို ပိတ်ထားပြီး တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးနေလျက်ရှိ ကြောင်း သိရသည်။
 
#PeopleMedia
 
(unicode)
………………………………………
 
 
 
 
 
 
 
#PeopleMedia

Share this post